Tuesday, May 29, 2018

‘‘ပေါ့ပေါ့ဆဆတော့ မနေနဲ့။ ကြောက်လန့်နေရမယ့် ဆိုင်ကလုန်းမုန်တိုင်းကြီး အဆင့်လည်းမဟုတ်တော့ စိုးရိမ်မှုလွန်ကဲတာလည်း မဖြစ်စေချင်ပါဘူး’’ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်နှင့်တွေ့ဆုံခြင်း


ဘင်္ဂလားပင်လယ်အော်မှ မုန် တိုင်းငယ်သည် ရခိုင်ကမ်းရိုးတန်း ဒေသ မာန်အောင်နှင့် ကျောက်ဖြူ မြို့ကြားကို ယမန်နေ့ (မေလ ၂၉ ရက်) ညဥ့်သန်းခေါင်တွင် ဝင်ရောက်မည်ဟု ဒေါက်တာထွန်းလွင်နှင့် မိုးဇလဌာနက သတင်း ထုတ်ပြန်ထားသည်။ ကုန်းတွင်း သို့ ဝင်ရောက်ပြီးနောက် အား လျော့သွားဖွယ်ရာရှိသော်လည်း မုန်တိုင်းငယ်၏အရှိန်ကြောင့် ဖြစ်နိုင်သည့် နောက်ဆက်တွဲ သဘာဝ ဘေးများကို သတိပြုရန် လိုအပ် နေသည်။ လတ်တလော ရာသီ ဥတုအခြေအနေကြောင့် သတိပြု ဖွယ်ရာများကို စာဖတ်သူများ သိရှိနိုင်ရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်အား 7Day Daily သတင်းစာက တွေ့ဆုံမေး မြန်းထားပါသည်။

လူအများ စိတ်ဝင်စားနေတဲ့ ဒီမုန် တိုင်းငယ်က နောက်ဆက်တွဲဘာ  ဖြစ်နိုင်မလဲ ဆရာ။

မေလ ၂၉ ရက်ညမှာ ကုန်း တွင်းပိုင်းကို ဝင်ပြီး တဖြည်းဖြည်း အားပျော့သွားမှာပါ။ သူသွားရာ လမ်းကြောင်းက အထက်ဘက် တက်တာဖြစ်ပြီး ကုန်းတွင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ်ရှိ နေချိန်မှာ မိုးကောင်းပါမယ်။

အားလျော့သွားပြီးတဲ့နောက် ဖြစ် လာတဲ့ လေဖိအားနည်းရပ်ဝန်းအ ရှိန်ကြောင့် ဘယ်ဒေသတွေ မိုး ကောင်းနိုင်ဦးမလဲခင်ဗျ။

အားပျော့သွားပြီးတဲ့နောက် အနောင်တောင်မုတ်သုံလေအား ကောင်းပြီး မိုးက ဆက်ကောင်းနေ မယ်။ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေ သကြီး၊ အောက်ဘက်ဒေသတွေ ဖြစ်တဲ့ ဧရာဝတီ၊ ပဲခူး၊ မွန်ဒေသ တွေမှာ မိုးဆက်ကောင်းနေမယ်။ ဒီကာလတွေမှာ တောင်ကျရေ ဆင်းတာနဲ့ မြေပြိုတာကို သတိပြု ဖို့လိုတယ်။

လေပြင်းအနေနဲ့ကော ဆရာ။ ဘယ်ဒေသတွေမှာ ဘယ်အချိန် အထိ သတိပြုရမလဲ။

လေပြင်းတိုက်နိုင်တဲ့နေရာ တွေက မန္တလေးရယ်၊ မကွေးရယ်၊စစ်ကိုင်းရယ် တိုင်းဒေသကြီးသုံးခု မှာ မေလ ၃၁ ရက်မနက်ပိုင်းအထိ လေပြင်းတိုက်ဖို့ အလားအလာရှိ တယ်။ ညနေဆိုရင်တော့ ထူးထူး ခြားခြားမရှိနိုင်တော့ဘူး။

ဒီမုန်တိုင်းငယ်က ဘယ်ရက်မှာ အဆုံးသတ်နိုင်လဲ ဆရာ။

မေလ ၃၀ ရက်ဆိုပြီးပြီ။ ဒီ ကောင်ရဲ့နောက်ဆက်တွဲအနေနဲ့ လေပြင်းနဲ့ မိုးသက်ရောက်နိုင်မှုက အလွန်ဆုံးရှိ နှစ်ရက်(မေလ ၃၀ ရက်နှင့် ၃၁ ရက်)ပေါ့။

ဒီအချိန်မှာပဲ မိုးလေဝသဆိုင်ရာ နာမည်တွေနဲ့ ဖွင့်ထားတဲ့ လူမှု ကွန်ရက်စာမျက်နှာအတုတွေက နေ သတင်းအမှားတွေ ဖော်ပြနေ တာ တွေ့ရတယ်။ ဒီအတွက် လူ ထုကို ဆရာ့အနေနဲ့ ဘာများသတိ ပေးချင်လဲ။

ဆရာလည်း တွေ့တယ်။ ဘယ်မှာ လေပြင်းကျမယ်။ Share (တစ်ဆင့် ဖြန့်ဝေခြင်း) ပါဆိုပြီး သတင်းအမှားတွေ တွေ့တယ်။ တစ်ချိန်လုံး ပြောနေတာပဲလေ။ အဲဒီလိုအတုတွေကို လူထုအနေ နဲ့ ဂရုမစိုက်နဲ့လို့။ တရားဝင်ထုတ်  တာ နှစ်ခုပဲရှိတယ်။ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ရယ်၊ ဆရာထုတ်ပြန်တာရယ်။ ဒါတွေကသာ ယုံကြည်ရတဲ့ ဝက်ဘ် ဆိုက်တွေလေ။ အဲဒါတွေကို လူထုအနေနဲ့ရော၊ အစိုးရအနေနဲ့ပါ စိစစ်သင့်တယ်။ အားလုံး ဝိုင်းဝန်း ပြီး ဖော်ထုတ်သင့်တယ်။

မုန်တိုင်းငယ်ဖြစ်နေတဲ့အချိန်နဲ့ ရာသီဥတုသတင်းတွေ အရေးကြီး တဲ့အချိန်မှာ ဆရာ့ဖေ့စ်ဘွတ်ခ်အ ကောင့်ကို ဟက်ဖို့ ကြိုးစားတာက ကော ဘာကြောင့်လို့ ဆရာယူဆ လဲ။ (ဒေါက်တာထွန်းလွင်၏ Tun Lwin အကောင့်ကို Maung Maung (Yangon) ဟူသော အကောင့်အမည်ဖြင့် ဟက်ရန် ကြိုးစားမှု မေလ ၂၇ ရက်တွင် ဖြစ်ပေါ်ခဲ့ပြီး နည်းပညာ အကူအညီဖြင့် နာရီပိုင်းအကြာ၌ ပြန်လည်ရယူ နိုင်ခဲ့သည်။)

ရာသီဥတုသတင်းအမှား တွေတင်နေကြတာရော၊ ဖေ့စ် ဘွတ်ခ်အကောင့်ကို ဟက်ဖို့ ကြိုး စားတာရောက ခေါင်းစဉ်တစ်ခု တည်းအောက်မှာ ရှိနေတာပဲ။ ဒါ အဖျက်လုပ်ငန်းပဲလေ။ အကောင့် ကို ဟက်ဖို့လည်း ကြိုးစားတယ်။ သတင်းအတုတွေလည်း ထုတ်နေ ကြတယ်ဆိုတော့ အဖျက်လုပ်ငန်းက လွဲလို့ ဘာမှ မရှိဘူးလေ။ ဒါ တွေကို တာဝန်ရှိသူတွေက အရေး မယူနိုင်တာကို နားမလည်နိုင်ဘူး ဖြစ်နေတယ်။ သတင်းအမှန်ထုတ် တာကိုတော့ ဟက်လုပ်တယ်။ မမှန်တဲ့သတင်းကို ပိုထုတ်လာကြ တယ်။ မကြားဖူးတဲ့ နာမည်တွေနဲ့ ထုတ်နေတာတွေ တွေ့တယ်။ ဒါ တွေက တမင်သက်သက် ဖျက်လို ဖျက်ဆီးလုပ်နေကြတာ သိသာ တယ်။

သတင်းအမှားတွေကို အမှန်ထင် ပြီးတော့လည်း စိုးရိမ်မှုတွေ ရှိနေ ကြတယ်။ ဒါကြောင့် ဒီမုန်တိုင်း ငယ်နဲ့ပတ်သက်တဲ့ နောက်ဆက် တွဲဖြစ်နိုင်ခြေကို ပြောပြပါလား ဆရာ။

ဖေ့စ်ဘွတ်ခ်မှာလည်း အချိန် နဲ့အမျှ သတင်းထုတ်ပြန်နေပါ တယ်။ ရာသီဥတုအခြေအနေဆို တာကတော့ အချိန်မလပ်စောင့် ကြည့်ရတယ်။ ခဏနေ ပြောင်းချင်ပြောင်းတတ်တယ်လေ။ အခု မုန် တိုင်းငယ်ကတော့ ပြောတဲ့အတိုင်း ဝင်တယ်။ ဒါလောက်နဲ့ပဲ မှန်းထားတာ။ ဒီလောက်နဲ့ပဲ ပြီးသွားမှာပဲလေ။ လေတိုက်တာကတော့ လေတိုက်နှုန်း တစ်နာရီ ၄၀၊ ၄၅ လောက်တော့ ရှိမယ်။ ပေါ့ပေါ့ဆဆတော့ မနေနဲ့။ ကြောက်လန့်နေရမယ့် ဆိုင်က လုန်းမုန်တိုင်းကြီးအဆင့်လည်း မဟုတ်တော့ စိုးရိမ်မှုလွန်ကဲတာ လည်း မဖြစ်စေချင်ပါဘူး။

ကျေးဇူးတင်ပါတယ်ဆရာ။

7Day

0 comments:

Post a Comment