Thursday, May 31, 2018

ဒေါက်တာအေးမောင်ကိုစွဲထားတဲ့ပုဒ်မတွေ ဖျက်ပေးဖို့လျောက်ထားမှု ပယ်ချခံရ


ဒေါက်တာအေးမောင်အပေါ်စွဲဆိုထားတဲ့ ပုဒ်မများကိုချက်ဖျက်ပေးဖို့ လျောက်ထားချက်ကို ပြည်နယ်တရားလွှတ်တော်က ပယ်ချခဲ့ပါတယ်။ 

ဟောပြောချက်တချို့နဲ့ပတ်သက်လို့ အမှုသုံးခုနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေ ဟင်အောင်တို့အပေါ် စွဲချက်များဟာ ခိုင်လုံမှုမရှိတဲ့အတွက် အမှုချေဖျက်ပေးဖို့ ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားချက်ကို ပြည်နယ်တရားလွှတ်တော်က ပယ်ချခဲ့လိုက်တာပါ။ 

"ပြည်နယ်တရားရုံး မှာ အမှုခြေဖျက်ဖို့  လျှောက်ထားတဲ့လျှောက်ထားချက် ၃ ခု လုံးကိုပယ်လိုက်ပါတယ်။ဗဟိုကိုထပ်တက်ခွင့်ရှိပါတယ်။ ဗဟို(ပြည်ထောင်စု တရားလွှတ်တော်)ကို ဆက်တက်၊ မတက်တော့ မသိရသေးပါဘူး” လို့ ပြည်နယ်တရားလွှတ်တော်က ဒီကနေ့ မေ ၃၁ ရက်မှာ အမှုပယ်ချလိုက်တာနဲ့ပတ်သက်လို့ ရခိုင်အမျိုး သားပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် ပြောပါတယ်။  

ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီက ပြုလုပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အောက်မေ့ ဖွယ် အခမ်းအနားမှာ ပြောကြားခဲ့တဲ့ ဟောပြောချက်အချို့နဲ့ပတ်သက်လို့ ဒေါက်တာအေးမောင်နဲ့  စာရေးဆရာဝေဟင်အောင်ကို မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မသုံးခုနဲ့ ဖမ်းဆီးတရားစွဲဆိုထားတာဖြစ်ပါတယ်။

7Day



0 comments:

Post a Comment