Thursday, May 31, 2018

မလေးရှား ဖမ်းမိ မူးယစ်ဆေးများနှင့်ဆက်စပ်၍ သံသယရှိသူအိမ် ဝင်ရောက်ရှာဖွေသော်လည်း ထွက်ပြေးတိမ်းရှောင်နေ


မလေးရှားနိုင်ငံတွင် ဖမ်း မိခဲ့သော မြန်မာနိုင်ငံမှ တင်ပို့ သည်ဆိုသည့် စံချိန်တင်မူးယစ် ဆေးများနှင့် ပတ်သက်၍ ပုဇွန် တောင်မြို့နယ် ၅၃ လမ်းရှိ သံသ ယရှိသူ၏ နေအိမ်သို့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေသော်လည်း အ ဆိုပါသံသယရှိသူ ထွက်ပြေးတိမ်း ရှောင်နေကြောင်း တာဝန်ရှိ ရဲတပ် ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မလေးရှားနိုင်ငံသို့ မူးယစ် ဆေးဝါးများ တင်ပို့သည်ဟူသော သံသယရှိသူ၏ နေအိမ်တိုက်အ မှတ် ၂၂/ ၂၃ သုံးလွှာသို့ ရဲတပ် ဖွဲ့က မေလ ၃၀ ရက်ညတွင် ဝင်ရောက်ရှာဖွေခဲ့ကြောင်း အရှေ့ ပိုင်းခရိုင် ရဲတပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
‘‘သွားရှာတော့ မရှိတော့ ဘူး။ ပြေးကုန်ပြီ။ သူ့အဖေနဲ့ အမေပဲ တွေ့တယ်။ လေဆိပ်အ ဝင်မှာ သူက အဲဒီလိပ်စာနဲ့ဝင် ထားတာ’’ ဟု ၎င်းကပြောသည်။ အဆိုပါနေအိမ်သည် မွတ်စလင်ပိုင် နေအိမ်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ က အတည်ပြုသည်။
ရန်ကုန်မြို့ ဆိပ်ကမ်းမှ တင်ပို့သည်ဟူသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး မလေးရှားအစိုးရက မြန်မာသံရုံးထံ တစ်စုံတစ်ရာ အကြောင်းကြားလာခြင်း မရှိသေးကြောင်း  မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ပထမအတွင်းဝန် ဒေါ်မေဖြူသူကပြောသည်။
 ‘‘ကျွန်မတို့လည်း ဖေ့စ် ဘွတ်ခ်က သတင်းတွေပဲ  သိရ တာ။ သေချာလား၊ မသေချာလား ဘာမှမသိရသေးဘူး။ တရားခံကို ဖမ်းပေးပါဆိုပြီး ပြောဆိုလာတာ လည်း မရှိဘူး’’ ဟု ဒေါ်မေဖြူသူ က ပြောသည်။
မလေးရှားဆိပ်ကမ်း တစ်ခု တွင် ကုန်သေတ္တာအတွင်း လက် ဖက်ခြောက်ထုပ်များ ပုံစံဖြင့် ပုံ ဖျက်ထုပ်ပိုးထားသည့် မက်သာ ဖက်တမင်းဆေးဝါး ၁ ဒသမ၂ တန်ခန့် (၁,၁၈၇ ကီလိုဂရမ်) ကို မေလ ၂၂ ရက်က သိမ်းဆည်းရမိပြီး မေလ ၂၈ ရက်၌ မလေးရှားအစိုးရက တရားဝင်ထုတ်ပြန်သည်။
ယင်းဖြစ်ရပ်နှင့် ဆက်စပ် ၍ မလေးရှားနိုင်ငံသားသုံးဦး နှင့် မြန်မာသုံးဦးကို ဖမ်းဆီးထား ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ အဆိုပါ ကုန်သေတ္တာသည် ရန်ကုန်မြို့မှ ကွာလာလမ်ပူ ဆင်ခြေဖုံးရှိ ပို့ကလန်သို့ လိပ်မူတင်ပို့ထားကြောင်း မလေးရှားအကောက်ခွန်ဦးစီးဌာန အကြီးအကဲ ဆူဘရိုမာနီယမ်က ထုတ်ဖော်ပြောကြားသည်ဟု ရိုက်တာ က ဖော်ပြသည်။
ရန်ကုန်မြို့ MIP ဆိပ်ကိမ်း မှ မူးယစ်ဆေးဝါးများ တင်ပို့သည်ဟူသော သတင်းကြောင့်  မေလ ၂၈ ရက်တွင် မြန်မာအာဏာပိုင် များ ယင်းဆိပ်ကမ်းသို့ သွား ရောက်စစ်ဆေးခဲ့သည်။
‘‘မလေးရှားမှာ မိတာက တော့ Under Investigation ဖြစ် တဲ့အတွက် ကျွန်တော်တို့ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲ တပ်ဖွဲ့ဘက်က တတ်နိုင်သ၍ စုံစမ်းဖော်ထုတ် စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်။ ဆိပ် ကမ်းဆိုရင် ဆိပ်ကမ်းဥပဒေရှိ တယ်။ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ရဲ့ ဥပဒေနဲ့ လုပ်ရတဲ့အပိုင်းတွေ မှာ၊ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ လုပ်ဆောင်ရတဲ့ အပိုင်းတွေမှာ အခက်အခဲတွေတော့ရှိတာပေါ့’’ ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ စီမံကိန်းဌာန ဌာန မှူး ရဲမှူးကြီး ဇော်လင်းထွန်းက ပြောသည်။
သိမ်းဆည်းရမိသည့် စိတ် ကြွမူးယစ်ဆေးဝါးများသည် ရင်း ဂစ် ၇၁ သန်း (ဒေါ်လာ ၁၈ သန်း) ခန့် တန်ကြေးရှိပြီး မလေးရှား နိုင်ငံ သမိုင်းတွင် ပမာဏအများ ဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ဖြစ်သည်။

7Day

0 comments:

Post a Comment