လာမယ့်နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနိုင်ဖို့ ဆန္ဒမဲလက်မှတ်တွေ ဒီကနေ့ ဇွန် ၁ ရက်ကစပြီး ထုတ်ယူနိုင်ပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေ ၃၁ ရက်မှာ ကြေညာပါတယ်။
မဲဆန္ဒရှင်တွေအနေနဲ့ အချက်အလက်ဖြည့်သွင်းပြီးတဲ့ ပုံစံ (၁၅) တွေကို ဇွန်လ ၁၈ ရက်ကနေ ဇူလိုင် ၉ ရက်အထိ သက်ဆိုင်ရာသံရုံးတွေကို ပေးပို့ရမှာလည်း ဖြစ်ပါတယ်။
လွှတ်တော်အသီးသီးမှာ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ နိုဝင်ဘာ ၃ ရက် စနေနေ့မှာ ကျင်းပဖို ရှိနေတာပါ။
ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဇူလိုင်၂ ရက်ကစပြီး အမည်စာရင်း ပေးသွင်းရမှာဖြစ်ပြီး စိစစ်ပြီး အမည်စာရင်းကိုတော့ သြဂုတ် ၆ ရက်မှာ ကော်မရှင်က ကြေညာပေးမှာပါ။
ရွေးကောက်ပွဲမှာ အနိုင်ရ ရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမည်စာရင်းကိုတော့ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၄ ရက်ကနေ ၆ ရက်ထိ ကြေညာပေးမယ်လို့လည်း ကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ-CNA
DVB
0 comments:
Post a Comment