Monday, May 28, 2018

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ဇွန် ၂ ရက်တွင် ထုတ်ပြန်မည်


၂၀၁၈ခုနှစ် မတ်လအတွင်းက ကျင်းပ စစ်ဆေးခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ဇွန် ၂ ရက်၊ စနေနေ့ နံနက် ၆ နာရီတွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း၊ ပြန်​ကြား​ရေးဝန်​ကြီးဌာနသတင်းထုတ်​ပြန်​ချက်​အရ သိရသည်။


အဆိုပါ အောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်း များတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်​ပြီးတိုင်းဒေသကြီး/ပြည်နယ်များ၏ အောင်စာရင်း များကိုအင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် သင်္ကန်းကျွန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း တို့မှာကပ်ထားမည် ဖြစ်​သည်​။
တိုင်းဒေသကြီး/ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများတွင် လည်းကောင်း၊ ခရိုင်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံး များတွင် လည်းလည်းကောင်း၊ မြို့နယ်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံး များတွင် လည်းကောင်း၊ ဇွန် ၂ ရက် နံနက် ၆ နာရီ နောက်ပိုင်းတွင် စုံစမ်း မေးမြန်းနိုင်ကြောင်းအောင်စာရင်း ထုတ်ပြန်မည့် ဇွန်-၂ ရက် နံနက် ၆ နာရီမှာ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန Website ဖြစ်တဲ့ www.myanmarexam.org တွင် ၀င်ရောက် ကြည့်ရှုနိုင်ရန် စီစဉ်ထား​ကြောင်း သိရသည်။

ယခုနှစ်​တက္ကသိုလ်​ဝင်​စာ​မေးပွဲကို၂၀၁၇ခုနှစ်​၊ မတ်​လ ၇ရက်​နေ့မှ ၁၆ရက်​နေ့ထိ ကျင်းပခဲ့ပြီးတစ်​နိုင်​ငံလုံးစာစစ်​ဌာန(၁၇၄၂)ခုမှ​ကျောင်းသား​ကျောင်းသူ ၇သိန်း ၈ ​သောင်း​ကျော်​ဝင်​​ရောက်​​ဖြေဆိုခဲ့​ကြောင်းသိရသည်​။

By-မြတ်​ဟိန်း​ကျော်​(​ကော့မှူး)
MUNA



0 comments:

Post a Comment