Tuesday, May 29, 2018

မုန်တိုင်းငယ်ကြောင့် လူတစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံး မြို့နယ် ခုနစ်ခုတွင် နေအိမ် အဆောက်အအုံအချို့ပျက်စီး


မုန်တိုင်းငယ်အရှိန်ကြောင့် မြို့နယ် ခုနစ်ခုထက်မနည်းတွင် နေအိမ်အဆောက်အအုံ များ ထိခိုက်ပျက်စီးခဲ့ပြီး လူတစ်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေသည်။ နေရာကွက်၍ မိုးကြီးမှု ကြောင့်ဖြစ်ပေါ်နိုင်သည့် ရေဘေးအန္တရာယ်ကို အထူးသတိပြုနေထိုင်ရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးသည်။

ဘင်္ဂလား ပင်လယ်အော်မှ မုန်တိုင်းငယ်သည် မေလ ၂၉ ရက်ညတွင် ရခိုင်ကမ်းရိုးတမ်း ဒေသ ကျောက်ဖြူနှင့် စစ်တွေမြို့ ကြားမှ ဖြတ်ကျော်ဝင်ရောက် ခဲ့ပြီး ယင်းကာလ နောက်ပိုင်း အားလျော့မည်ဟု ပညာရှင်နှင့် အစိုးရဌာနက ခန့်မှန်းထားသည်။ မုန်တိုင်းငယ်အဖြစ် တိုက်ခတ်နေ ၍ မေလ ၂၈ ရက် နေ့လယ်မှ ၂၉ ရက်ညနေအထိ လေပြင်းနှင့် မိုးကြီးမှုကြောင့် ထိခိုက်ပျက်စီးမှု များရှိခဲ့သည်။

မာန်အောင်မြို့  - မုန်တိုင်းငယ် အဓိက ဦးတည်ရွေ့လျားခဲ့သော ရခိုင်ပြည်နယ် မာန်အောင်မြို့ နယ်တွင်  မေလ ၂၉ ရက်နံနက်က လေပြင်းကြောင့် နေအိမ်ပေါ် သစ်ပင်လဲကျကာ အမျိုးသားတစ် ဦး သေဆုံးပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ပုသိမ်မြို့ - ပုသိမ်မြို့ပေါ်တွင် မေလ ၂၈ ရက်ညမှ ၂၉ ရက် ညနေအထိ လေပြင်းတိုက်ခတ် ခြင်းနှင့် မိုးသည်းထန်ခြင်းကြောင့် သစ်ပင်အချို့ ကျိုးကျကာ ဓာတ် တိုင်အချို့ ပျက်စီးခဲ့သည်။

ဘိုကလေးမြို့ - ဘိုကလေးမြို့နှင့် ထိစပ်နေသော ပင်လယ်ပြင်တွင် စက်လှေတစ်စီး နစ်မြုပ်မှု မေလ ၂၈ ရက် နံနက်က ဖြစ်ခဲ့ပြီး ရေ လုပ်သားနှစ်ဦး ပျောက်ဆုံးနေ သည်။

ဟိုင်းကြီးကျွန်းမြို့ - ပင်လယ် ကမ်းစပ်ဒေသ ဟိုင်းကြီးကျွန်းမြို့ တွင် လေပြင်းကြောင့် ကြီးမား သော ထိခိုက်ပျက်စီးမှု မရှိသော် လည်း ဟိုင်းကြီးကျွန်းနှင့် ပုသိမ် ပြေးဆွဲသော ခရီးသည်တင် ရေယာဉ်တစ်စီးသည် ဟိုင်းကြီး ကျွန်းမြို့ ကျောက်ငူရွာအနီးတွင် လေပြင်းကြောင့် သောင်တင်ခဲ့ သည်။ ရေယာဉ်ပေါ်ပါ ခရီးသည် ၇၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ ပြောင်းပေးခဲ့ရသည်။

ဘားအံမြို့နယ် - ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းမေလ ၂၉ ရက်နေ့လယ်က လေပြင်းတိုက် ခတ်ခဲ့ပြီး နေအိမ်အလုံး ၃၀ ကျော်နှင့် စာသင်ကျောင်း ဆောင်အချို့ ပျက်စီးခဲ့သည်။

ရွှေပြည်သာမြို့ - မုန်တိုင်းငယ် အရှိန်ကြောင့် ရန်ကုန်မြို့တွင် မိုးနှင့်လေ အားကောင်းခဲ့ပြီး ရွှေပြည်သာမြို့နယ် ရပ်ကွက် ၈၊ ၉၊ ၁၁၊ ၁၉ နှင့် ၂၀ ရပ်ကွက် တို့တွင် လေပြင်းကျရောက်ခဲ့ကာ နေအိမ်အဆောက်အအုံ ၉၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဆောင်သော တိုင်းအစိုးရ တာဝန်ရှိသူများက လေဘေးသင့် သူများအား  သွားရောက်တွေ့ ဆုံခဲ့သည်။

လှိုင်သာယာမြို့နယ် - လှိုင်သာ ယာမြို့နယ် အမှတ် (၆)ရပ်ကွက် ရှိ ဉာဏ်တော် ၅၄ ပေအမြင့်ရှိ အောင်မြေသာယာ ဆုတောင်း ပြည့်စေတီ ထီးတော်သည် မေလ ၂၉ ရက် နံနက်က လေပြင်းတိုက် ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် မြေခခဲ့သည်။ ရွှေပြည် သာနှင့် လှိုင်သာယာ မြို့နယ်တို့ တွင်အများဆုံး ထိခိုက်ပျက်စီးခဲ့ ပြီး ရန်ကုန်မြို့တွင်း မြို့နယ် အများစု၌ လေပြင်းကြောင့် သစ် ကိုင်းများ ကျိုးကျခြင်း၊ အိမ်အချို့ အမိုးလန်ခြင်းများ ဖြစ်ခဲ့သည်။

ကောလာဟလများထွက်ပေါ်
မုန်တိုင်းငယ်အရှိန်ကြောင့် ဒေသအချို့၌ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်သည့် သတင်းများ လူမှု ကွန်ရက်တွင် ပျံ့နှံ့နေစဉ် တရား ဝင် ထုတ်ပြန်ထားခြင်းမဟုတ် သည့် သတင်းအမှားများကို ပရို ဖိုင်အမှန်မဟုတ်သည့် ဖေ့စ် ဘွတ်ခ် အကောင့်များက ဖော်ပြ ခဲ့ရာ ကောလာဟလအချို့ ထွက် ပေါ်ခဲ့သည်။ မုန်တိုင်းသည် အထက်ပိုင်းဒေသများသို့ ဖြတ် ကျော်ဝင်ရောက်နိုင်ကြောင်း သတင်းအမှားများကြောင့် ဒေသ ခံများ စိုးရိမ်ခဲ့သည်။ သတင်း ထုတ်ပြန်မှုအမှန်မှာ မုန်တိုင်းငယ် ကြောင့် အနောက်တောင်မုတ်သုံ လေ အားကောင်းနေရာ မြန်မာ နိုင်ငံ ဒေသအများစု၌ နေရာကွက် မိုးကြီးနိုင်သည့် သတိပေးချက်သာ ဒေါက်တာထွန်းလွင်နှင့် မိုးဇလ ဌာနက ထုတ်ပြန်ခြင်းဖြစ်သည်။

မုန်တိုင်းငယ်အရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တွင် နေရာကွက်မိုးကြီးကာ လေပြင်းတိုက်ခတ်မှု ကြုံတွေ့ခဲ့ ပြီး မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်း ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကောင်းခဲ့သည်။

အဆိုပါမုန်တိုင်းငယ် အရှိန် ကြောင့် နေရာကွက်မိုးကြီးမည့် အန္တရာယ်ကို မေလ ၃၁ ရက် အထိ သတိပြုနေထိုင်ရန် ဒေါက် တာထွန်းလွင်နှင့် မိုးဇလဌာနက သတိပေးထားသည်။ နေပြည် တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာ ဝတီတိုင်းဒေသကြီး၊ ကချင်၊ ရှမ်း၊ ရခိုင်၊ ချင်းနှင့် မွန်ပြည်နယ်တို့ တွင် နေရာကွက်၍ မိုးကြီးနိုင် ကြောင်း သတိပေးထားသည်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက် နိုင်ပြီး တစ်ခါတစ်ရံ လှိုင်းအလွန် ကြီးနိုင်ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်ထားသည်။

လေပြင်းတိုက်ခတ်ခြင်း၊ မိုး ကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ် နိုင်သဖြင့် ကုန်းမြင့်ဒေသများတွင် မြေပြိုမှုအန္တရာယ်နှင့် ကမ်းရိုး တန်း ဒေသများ၊ ဒေသအနှံ့မှ မြစ်ငယ်၊ ချောင်းငယ်အနီး နေ ထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှု အန္တရာယ် ကြိုတင်သတိ ပြုရန် သတိပေးထားသည်။ ပြည် တွင်းလေကြောင်း ပျံသန်းရေးနှင့် ငါးဖမ်းရေယာဉ်များ၊ သင်္ဘော များကို လေပြင်းအန္တရာယ် သတိ ပေးချက် ထုတ်ပြန်ထားဆဲဖြစ် သည်။ မုန်တိုင်းငယ်သည် ၂၀၁၈ အတွင်း ပထမဆုံး မုန်တိုင်းငယ် ဖြစ်ပြီး ယင်းကြောင့် အနောက် တောင်မုတ်သုံလေ အားကောင်း ခဲ့သည်။ လက်ရှိတွင် အနောက် တောင်မုတ်သုံလေသည် မြန်မာ နိုင်ငံ အလယ်ပိုင်းဒေသများသို့ ဝင်ရောက်နေပြီဖြစ်သည်။

7Day

0 comments:

Post a Comment