Monday, May 28, 2018

မဟာသီယာကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ပြည်သူများက အွန်လိုင်းမှ လက်မှတ်ရေးထိုး လှုပ်ရှားမှု လုပ်ဆောင်နေ


မလေးရှား ပြည်သူသောင်းချီ ဟာ ၀န်ကြီးချုပ်အဖြစ် တစ်ကျော့ပြန် ရွေးကောက်ခံရတဲ့ အသက် ၉၂ နှစ်အရွယ်ရှိ မဟာသီယာမိုဟာမက်ကို ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အမည်စာရင်တင်သွင်းနိုင်ဖို့ အွန်လိုင်းမှတဆင့် လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေလုပ်ဆောင်လျက်ရှိနေတယ်လို့ သိရပါတယ်။

change.org အွန်လိုင်း ၀က်ဆိုဒ်အသုံးပြုသူ အလက်ဇန်ဒရီယာ အေဘစ်ဟီဂန် ဟာ လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ပြီးခဲ့တဲ့ရက်ပိုင်းက စတင်ခဲ့ပြီး မေလ ၂၇ ရက်နေ့ ညနေပိုင်းအထိ ၀န်ကြီးချုပ် မဟာသီယာကို ငြိမ်းချမ်းရေး နိုဘယ်ဆု အမည်စာရင်းသွင်းနိုင်ဖို့ လက်မှတ်ထိုးသူဦးရေ ၅၁၀၀၀ ရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

အေဘစ်ဟီဂန် ဟာ မဟာသီယာ ဟာ နိုင်ငံရေးလောကကို တစ်ကျော့ပြန် ပြန်လာဖို့ သူရဲ့ဆုံးဖြတ်ချက်တွေကို အသိမှတ်ပြုတဲ့အနေနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆု အမည်စာရင်းသွင်းသင့်တယ်လို့ ပြောခဲ့ပါတယ်။ ၀န်ကြီးချုပ် မဟာသီယာ ဟာ မလေးရှားနိုင်ငံမှာ တရားဥပေဒစိုးမိုးမှု ဒီမိုကရေစီ နဲ့ ပွင့်လင်းမြင့်သာမှုရှီစေဖို့ အဓိက အာရုံစိုက်ထားပြီး အတိတ်က မှားယွင်းမှုတွေ အတွက်လည်း ပြည်သူတွေကို ပြန်တောင်းပန်ထားကာ အမှားတွေ ကျူးလွန်ခဲ့တယ်လို့ ၀န်ခံထားတယ်လို့ သိရပါတယ်။

မဟာသီယာကို မလေးရှားရဲ့ နယ်ဆင်မင်ဒဲလားလို့ သတ်မှတ်မှုတွေ ရှိနေပါတယ်။ မဟာသီယာ ဟာ မလေးရှားဝန်ကြီးချုပ်အဖြစ် ၁၉၈၁ ခုနှစ်မှစတင်ပြီး ၂၂ နှစ်ကြာ အုပ်ချုပ်ခဲ့ ပြီးသူ ၀န်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း နိုင်ငံရေးပြိုင်ဘက်တွေကို နှိပ်စက်မှုတွေအပြင် လွတ်လပ်စွာပြောဆိုခွင့် ကန့်သတ်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ဖူးသူဖြစ်ပါတယ် ၊ မဟာသီယာ ဟာ မေလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး မလေးရှားဝန်ကြီးချုပ်အဖြစ် တစ်ကျော့ပြန် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

သားဖိုးကောင်း (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment