Thursday, May 31, 2018

ကမ္ဘာကျော် ပြင်သစ် အီဖယ်တာဝါ မိုးကြိုးပစ်ခံရ



ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အထင်ကရ အဆောက်အအုံတခုဖြစ်တဲ့ ကမ္ဘာကျော် အီဖယ်တာဝါ မိုးကြိုးပစ်ခံခဲ့ရတယ်လို့ စီဂျီတီအန်သတင်းမှာ မေလ ၃၁ ရက်နေ့က ဖော်ပြပါတယ်။

အီဖယ်တာဝါတည့်တည့်ကို မေ ၂၇ ရက်နေ့က မိုးကြိုးပစ်ပြီးတဲ့နောက် တာဝါမှာ လျှစ်စီးတန်းကြီး ပေါ်လာပြီး ပေပေါင်း ၁၀၃၆ ပေမြင့်တဲ့ အဆောက်အအုံထိပ် မိုးကြိုးပစ်ခံရတဲ့အချိန် ခဏတာကို ဓာတ်ပုံဆရာ ဘာထရန် ကူးလစ်ခ် (Bertrand Kulik) က အမိအရ ရိုက်ကူးနိုင်ခဲ့တာပါ။

“တာဝါက ကျနော့်ပြတင်းပေါက်နဲ့ တအားနီးတော့ ကျနော် စွမ်းအားကို ခံစားမိတယ်” လို့ အသက် ၃၈ နှစ်အရွယ် ဓာတ်ပုံဆရာက ပြောပါတယ်။

ဒီအပတ်အစောပိုင်းမှာ ပြင်သစ်နိုင်ငံတဝန်း နေရာတော်တော်များများ မုန်တိုင်းဝင်ခဲ့ပြီး နိုင်ငံအတွင်း လေပြင်းနဲ့ မုန်တိုင်းတိုက်ခတ်နိုင်သေးတာကြောင့် ဆိုးရွားတဲ့ ရာသီဥတု အခြေအနေ ဆက်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

အီဖယ်တာဝါကြီးကို မေလ ၂၂ ရက်နေ့ကလည်း မိုးကြိုးပစ်ခဲ့ပြီး ၈ နှစ်အတွင်း ပြီးခဲ့တဲ့ လတွေကတော့ မကြာခဏ မိုးကြိုးအပစ်ခံရတယ်လို့ နယ်ခံမျက်မြင်တွေက ပြောကြပါတယ်။

DVB


0 comments:

Post a Comment