Tuesday, May 29, 2018

ထိုးစစ်များရပ်တန့်ရန် သမ္မတက ဥပဒေနှင့်အညီ ညွှန်ကြားပါက တပ်မတော်အနေဖြင့် လိုက်နာမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ပြော

ထိုးစစ်များ ရပ် တန့်ရန် သမ္မတက ဥပဒေနှင့် အညီ ညွှန်ကြားပါက တပ်မတော် အနေဖြင့် လိုက်နာဆောင်ရွက် မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောသည်။

ယမန်နေ့က နေပြည်တော်၌ ပြုလုပ်သည့် အစိုးရ(၂)နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ယခင် သမ္မတ ဦးသိန်းစိန်လက်ထက်က တိုက်ပွဲများရပ်တန့်ရန်နှင့် ထိုးစစ် ဆင်မှု ရပ်တန့်ရန် တပ်မတော်သို့ ပြောကြားမှုကို လက်ခံဆောင် ရွက်ခဲ့ပြီး လက်ရှိ သမ္မတသစ် ဦးဝင်းမြင့်က ထိုသို့တောင်းဆိုပါ က မည်သို့ဆောင်ရွက်မည်နည်း  ဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ၎င်းက အထက် ပါအတိုင်း ဖြေကြားသည်။

‘‘ကျွန်တော်တို့တပ်မတော် အနေနဲ့ကတော့ နိုင်ငံတော်ရဲ့ဦး ဆောင်မှုအောက်မှာပဲ ရှိပါတယ်။ နိုင်ငံတော်ရဲ့ ညွှန်ကြားချက်အ တိုင်း သွားနေတာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဟာ ဒီနိုင်ငံရဲ့ အကြီးအကဲဖြစ်ပါတယ်။ အကြီး အကဲဖြစ်တဲ့အတွက်ကြောင့်မို့ သူ ကနေပြီးတော့ တရားဥပဒေနဲ့ ညီ ညွတ်တဲ့ အမိန့်ပေးလာမယ်ဆိုရင် ကျွန်တော်တို့လိုက်နာဆောင်ရွက် ဖို့ အသင့်ပါပဲ။ ဘာမှ မလိုက်နာ၊ မဆောင်ရွက်နိုင်စရာ အကြောင်း မရှိပါဘူး’’ဟု ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောသည်။

ပြီးခဲ့သည့် အစိုးရသက်တမ်းတွင် သမ္မတဦးသိန်းစိန်က မိမိကိုယ်ကိုယ် ခုခံရန်ကလွဲ၍ စတင်မတိုက်ခိုက်ရန် တပ်မတော်ကို ညွှန်ကြားခဲ့သည်။

ထို့အပြင် ကချင်ပြည်နယ် တွင် လက်ရှိ တိုက်ပွဲများဖြစ်ပွား နေခြင်းနှင့် ပတ်သက်၍ ‘‘ကျွန်တော်တို့တပ်တွေ နေရာရှိပါ တယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေအတွက်ကိုလည်း နေရာရှိပါတယ်။ အဲဒီလိုနေရာ တွေမှာ သူတို့နေမယ်ဟေ့ဆိုရင် ကျွန်တော်တို့က သူတို့နဲ့ ဘာမှ ပြဿနာဖြစ်စရာအကြောင်းမရှိ ပါဘူး’’ဟု ဗိုလ်မှူးချုပ်အောင် ကျော်ဟိုးက ဆက်လက်ပြောကြားသည်။

ထိုသို့မဟုတ်ဘဲ အစိုးရယန္တ ရားကို ဖျက်ဆီး၍ ဝင်ရောက်လာခြင်း၊ ပုံမှန် အုပ်ချုပ်မှုလမ်း ကြောင်းလွတ်နေသော နေရာများ ကို တိုက်ခိုက်ခြင်း၊ တပ်ရင်းဌာန ချုပ်၊ ရဲစခန်းများကို တိုက်ခိုက် ခြင်းများပြုလုပ်သောကြောင့် ပြည်သူများလုံခြုံရေးနှင့် နိုင်ငံတော်လုံ ခြုံရေးအတွက် ပြန်လည်တုံ့ပြန်ရ ကြောင်း ၎င်းက ရှင်းလင်းသည်။

ယင်းအပြင် တပ်မတော် ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးရခြင်းမဟုတ်ဟု ဗိုလ် မှူးချုပ် အောင်ကျော်ဟိုးကပြော သည်။

‘‘ဒီအပေါ်မှာ ငြိမ်းချမ်းရေး နှောင့်နှေးကြန့်ကြာနေရခြင်းအ ကြောင်းတရားသည် တပ်မတော် ကြောင့်မဟုတ်ပါဘူး။ ဒီအပေါ်မှာ မူတည်ပြီးတော့ သူတို့တွေက သူ တို့ရရှိထားတဲ့ အခွင့်အရေးတွေ၊ လက်နက်စွဲကိုင်ပြီး တောင်းဆိုချင် တဲ့အချက်တွေအပေါ်မှာ မူတည် ပြီးတော့ပဲ ကြန့်ကြာနေရခြင်းဖြစ် တယ်လို့ ကျွန်တော်ထင်မြင်ယူဆ ပါတယ်’’ဟု ၎င်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဒီမို ကရေစီစနစ်ပေါ်ထွန်းနေပြီဖြစ် သဖြင့် NCA လမ်းကြောင်းအတိုင်း သာ လျှောက်လှမ်းရန်နှင့် မိမိဒေ သအတွက် လိုအပ်ချက်များကို ဒီမိုကရေစီနည်းများအတိုင်း တောင်း ဆိုဆောင်ရွက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘ဒီငြိမ်းချမ်းရေးရရှိဖို့  အ တွက်ကို ဒီ NCA လမ်းကြောင်းပေါ် ကို တကယ်လျှောက်လှမ်းမယ် ဆိုရင် ငြိမ်းချမ်းရေးက မရစရာ အကြောင်း ဘာမှ မရှိပါဘူး။ ဒီအ ပေါ်မှာ လျှောက်လှမ်းနိုင်ဖို့အ တွက်ကိုလည်း တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု ရှိရပါ မယ်။ ရိုးသားမှုရှိရပါမယ်။ ဒီအ ပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့အမြတ်မထုတ်ဖို့ လိုပါတယ်။ ဒီလိုသာ ခံယူထားမယ်ဆိုရင် ဒါသည် နှောင့်နှေးနေစရာအကြောင်း မရှိပါဘူး’’ဟု ဗိုလ်မှူးချုပ်အောင် ကျော်ဟိုးက ဖြည့်စွက်ပြောကြား သည်။

‘‘ကျွန်တော်ကတော့ ကြိုဆို တယ်၊ ထောက်ခံတယ်။ အဓိက ကတော့ တပ်ချုပ်ကလည်း ပြော တဲ့အတိုင်း လုပ်ဖို့၊ သမ္မတကလည်းသူ့တာဝန်ကျေအောင်လုပ်ဖို့ လို အပ်ပါတယ်။ တပ်ဘက်က ဒီလို ပြောပြီး သမ္မတက ဘာမှ မပြော ဘူးဆိုရင် ဘာမှ အထူးတလည် ဖြစ်မှာမဟုတ်ဘူး။ သမ္မတပြော ပြီး တပ်ဘက်က မလုပ်ဘူးဆို အလကားဖြစ်သွားပြီ။ သမ္မတက လည်း ပြောဖို့ လိုမယ်၊ တပ်ချုပ် ကလည်း လုပ်မယ်ဆို အဲဒီလိုဆို ကောင်းတာပေါ့။ ငြိမ်းချမ်းရေး အတွက် အများကြီး အလားအ လာကောင်းတာပေါ့’’ဟု ကေအိုင် အိုဒုဥက္ကဋ္ဌဟောင်းနှင့် ကချင်ပြည် နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက် တာတူးဂျာက မှတ်ချက်ပြုသည်။

7Day

0 comments:

Post a Comment