Monday, May 28, 2018

မြိတ်စီးပွားရေးဇုန်တွင် ထိုင်းနိုင်ငံထုတ် ကျည်ဆန်များတွေ့ရှိ


တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်စီးပွားရေးဇုန်အတွင်း ထိုင်းနိုင်ငံထုတ်ကျည်ဆန် ၄၇ တောင့်ကို မေလ ၂၇ ရက်မှာ ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။

မြိတ်ခရိုင်မှုခင်းအကူအဖွဲ့မှ ရဲအုပ်ခင်မောင်အေး ဦးဆောင်တဲ့အဖွဲ့က မူးယစ်ဆေးဝါး သတင်းအရ မြိတ်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးဇုန်အိမ်ရာဝင်းအတွင်းရှိ ဇော်ဇော်အောင်(ခ)ဇော်အောင် (၂၇-နှစ်) အိမ်ကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးတွေ မတွေ့ရဘဲ နေအိမ်အိပ်ခန်းထဲမှာ ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ထားတဲ့ ထိုင်းနိုင်ငံထုတ် ကျည်ဆန် ၄၇ တောင့်ကို ရှာဖွေဖမ်းဆီးရမိခဲ့တယ်လို့ သိပါတယ်။

ရဲအုပ်ခင်မောင်အေးက “ကျနော်တို့ မူးယစ်ဆေးဝါး သွားရောက်ရှာဖွေတော့ မူးယစ်ဆေးတွေ မမိခဲ့ဘူး။ အိပ်ခန်းစင်ပေါ်က ကျည်ဆန် ၄၇ တောင့်မိခဲ့တယ်။ သူက သစ်လုပ်ငန်းလုပ်နေတဲ့ သူတစ်ယောက်ပါ။ အနိုင်းကျေးရွာဘက်က ဖစုဆိုတဲ့ သူက အဲဒီကျည်ဆံတွေကို မှာယူထားလို့ နယ်စပ်ကနေ ၀ယ်လာတဲ့ပြောပါတယ်” လို့ ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းက ( ပ ) ၈၀၉ / ၂၀၁၈ လက်နက်ဥပဒေပုဒ်မ ၁၉ (စ)နဲ့ အမှုဖွင့် ဆောင်ရွက်ထားလို့ သိရပါတယ်။

သတင်း – မြတ်ထွဋ် (မြိတ်)
DVB




0 comments:

Post a Comment