Wednesday, May 30, 2018

KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ၍ ဒေသခံပြည်သူတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ


ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာနေ မောင်စိုင်းအောင်နှင့် မောင်နိုင်နိုင်(ဘ) ဦးတင်ငွေတို့ နှစ်ဦးသည် မေ ၂၆ ရက် ညနေ ၃ နာရီခန့်တွင် ငါးရှာရန် ထွက်ခွာလာစဉ် ကျေးရွာ၏ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာ ဒေသအခေါ် ဘန်ဂျယ်ချောင်းသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား မောင်နိုင်နိုင်မှ နင်းမိပေါက်ကွဲ၍ မိုင်းစထိမှန် ဒဏ်ရာများဖြင့် ၎င်းနေရာတွင် သေဆုံးခဲ့ပြီး မောင်စိုင်းအောင်မှာ မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။ 

အဆိုပါ မိုင်းထိလူနာအား နယ်မြေခံ တပ်မတော်သားများက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ မိုးကောင်းမြို့ ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment