Wednesday, May 30, 2018

စက်လှေမှောက်ပြီး ပင်လယ်ရေနှင့်မျောလာသည့် ရခိုင်လူမျိုး ၇ ဦးကို ကယ်တင်နိုင်ခဲ့


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ သစ်ပုတ်ကျေးရွာအုပ်စု၊ ကွင်းပေါက်ကျေးရွာသောင်ပေါ်သို့ စက်လှေမှောက်ပြီး ပင်လယ်ရေနှင့်မျှောပါလာသူ ရခိုင်လူမျိုး ၇ ဦးကို အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ကူညီ ကယ်တင်ပေးခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ ၁၂ ရက်က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ပင်လယ်ပြင်သို့ မျှောပိုက်ငါးဖမ်းရန် စက်လှေပိုင်ရှင်ပါ ရေလုပ်သား ၇ ဦးတို့သည် ထွက်ခွာလာခဲ့ပြီးနောက် မေလ ၂၆ ရက်တွင် ပင်လယ်ပြင်၌ လေပြင်း တိုက်ခတ်မှုကြောင့် ရေနံစင်အထက် ကမ်းခြေနှင့် (၆၀)မိုင်ခန့် အကွာတွင် စက်လှေတိမ်းမှောက်ခဲ့ကြောင်း သိရသည်။ 

ယင်းနောက် စက်လှေပိုင်ရှင်ပါ ရေလုပ်သား ၇ ဦးတို့သည် လပွတ္တာတာမြို့နယ်၊သစ်ပုတ်ကျေးရွာအုပ်စု၊ ကွင်းပေါက်ကျေးရွာ သောင်ဘက်သို့ ပင်လယ်ရေနှင့်အတူမျောပါလာခဲ့ရာ မေလ ၃၀ ရက်၊ မနက် ၈ နာရီတွင် ကယ်ဆယ်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မျောပါလာသည့် ရေလုပ်သား ၇ ဦးတို့အား ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ကယ်တင်ခြင်း၊ အဝတ်အထည်၊ အစားအသောက်များပေးအပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းတို့ကို ကူညီပေးခဲ့ကြောင်း သိရသည်။ 

ငါးဖမ်းစက်လှေပိုင်ရှင်မှာ ဦးသန်းမြင့်သည် အသက်(၄၃) နှစ်၊ ရခိုင်/ဗုဒ္ဓဘာသာ၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆွယ်လွယ်ကျေးရွာတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။ 

မောင်ချစ်ဦး - ပန်းတနော်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment