Tuesday, May 29, 2018

မာန်အောင်တွင် လေပြင်းတိုက်၍ အမျိုးသားတစ်ဦး အုန်းပင်ပိသေ၊ နှစ်ဦးဒဏ်ရာရ


ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မေလ ၂၉ ရက်က လေပြင်းတိုက်ခတ်၍ လူနေ အိမ်ပေါ်သို့ အုန်းပင်ကျိုးကျသဖြင့်အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးနှစ်ဦး  ဒဏ်ရာရရှိခဲ့ သည်။

မျှော်တော်ဦးကျေးရွာတွင် သေဆုံးသူသည် အသက် (၇၈) နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဇနီးနှင့်အတူ နေအိမ်အတွင်း ရှိနေစဉ် လေပြင်းတိုက်ခတ်ကာ အုန်းပင်ကျိုးကျ၍ ပိမိပြီး ဒဏ်ရာ ရရှိသေဆုံးခဲ့ကြောင်း ကူညီသူတစ်ဦးက ပြောသည်။

‘‘အမျိုးသမီးကတော့ ဒဏ် ရာရပြီး သစ်ပုံဆေးခန်းကို ပို့ ဆောင်ခဲ့ရပါတယ်။ ဒဏ်ရာက တော့ မစိုးရိမ်ရပါဘူး’’ဟု ၎င်းက ဆိုသည်။

 ထို့အပြင် မာန်အောင်မြို့နယ် သိမ္ဘလကျေးရွာနေ ဒေါ်ခင်သန်းရင်သည် နေအိမ်အပြင်ဘက်၌ရှိနေစဉ် မန်းကျည်းပင်ကျိုးကျပိမိ၍ ထိခိုက်ဒဏ်ရာရရှိရာ မာန် အောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မစိုးရိမ်ရကြောင်း မိသားစုဝင်များက ပြောသည်။

လေပြင်းတိုက်ခတ်မှုကြောင့်သစ်ဝအုပ်စုတန်လှောင်ကုန်း ကျေးရွာနေ ဒေါ်သောင်းကြည်၏ နေအိမ် အုန်းပင်ပိ၍ ပျက်စီးခဲ့သည်။

ဘင်္ဂလားပင်လယ်အော်အ ရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေ သော မုန်တိုင်းငယ်သည် မေလ ၂၉ ရက် နံနက်မှ နောက် (၁၂) နာရီအတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဒေသသို့ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ် ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေ ကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုနေထိုင် ကြရန် မိုးဇလက သတိပေးထား သည်။

7Day

0 comments:

Post a Comment