Thursday, May 31, 2018

ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးဆန္ဒ မပြောင်းလဲဟု ကင်ဂျုံအန်း ပြော


ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ဆန္ဒဟာ မပြောင်းမလဲ ခိုင်မြဲကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားလိုက်တယ်လို့ နိုင်ငံပိုင် ကေအာတီ သတင်းဌာနက ဇွန်လ ၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗ်ရော့ဗ်တို့ တွေ့ဆုံစဉ်မှာ ခေါင်းဆောင်ကင်က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ကင်ဂျုံအန်းက မြောက်ကိုရီးယား-အမေရိကန် ဆက်ဆံရေးနဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး နှစ်ခုစလုံးကို တဆင့်ပြီးတဆင့် ဖြေရှင်းမယ်လို့ မျော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားနဲ့ ရုရှားတို့အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနဲ့ ဒီနှစ်အတွင်း နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ကိုလည်း ခေါင်းဆောင်ကင်နဲ့ နိုင်ငံခြားရေးဝန်ကြီး လာဗ်ရော့ဗ်တို့ သဘောတူခဲ့ကြတယ်လို့ ကေအာတီ သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

DVB

0 comments:

Post a Comment