Wednesday, May 30, 2018

သီပေါမြို့နယ်၊ ရေပူကျေးရွာ၌ SSA (ဝမ်ဟိုင်း)အဖွဲ့မှ ဆက်ကြေး တာဝန်ခံများ ဖမ်းဆီးရမိ


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မေ ၂၉ ရက်ည ၁၂ နာရီခန့်တွင် ရေပူကျေးရွာရှိ နေအိမ်နှစ်လုံးအား သတင်းအရ ဝင်ရောက်ရှာဖွေရာ SSA (ဝမ်ဟိုင်း)အဖွဲ့မှ ဆက်ကြေး တာဝန်ခံများ ဖြစ်ကြသည့် အိုက်မောင်း(ဘ)ဦးအားလိယနှင့် စိတ္တ(ဘ)ဦးမိုးဝင်းတို့ကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ နှစ်ဦးနှင့်အတူ တူမီးသေနတ် နှစ်လက်၊ ပွိုင့်-၅ ကျည်ထိပ်ဖူးခြောက်တောင့်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၄ဝဝဝဝ ခန့်)၊ှဗ (ဝမ်ဟိုင်း)အဖွဲ့၏ ၁၉၉၆ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အထိ လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်း စာအုပ်တစ်အုပ်၊ SSA (ဝမ်ဟိုင်း)အဖွဲ့၏ ၁၉၉၄ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ဖြန့်ဝေထားသော မဂ္ဂဇင်း စာအုပ်တစ်အုပ်၊ ရှမ်းဘာသာဖြင့် ရေးသားထားသော ဆက်ကြေးကောက်ခံသည့် စာရွက်လေးရွက်၊ ဆက်ကြေးကောက်ခံသော မှတ်တမ်းစာအုပ်တစ်အုပ်၊ ဖုန်းမှတ်တမ်း စာအုပ်တစ်အုပ်နှင့် ဆက်သွယ်ရေး အသုံးအနှုန်း စာအုပ်တစ်အုပ်တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ များအား တရားဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


0 comments:

Post a Comment