Monday, May 28, 2018

၂၁ ရာစုပင်လုံကျင်းပနိုင်ရေးအစိုးရနှင့်အပစ်ရပ်အဖွဲ့များ တတိယအကြိမ် အလွတ်သဘောဆွေးနွေးမည်


ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-၂၁ ရာပင်လုံတတိ ယအစည်းအဝေးကျင်းပနိုင်ရေး အစိုးရနှင့်အပစ်ရပ်စာချုပ်လက် မှတ်ထိုးတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ တတိယအကြိမ် အလွတ်သဘောဆွေးနွေးမှုကို မေလ ၃၀ ရက်တွင် စတင်ပြုလုပ် မည်ဟု NCA လက်မှတ်ထိုးကိုယ် စားလှယ်အဖွဲ့ခေါင်းဆောင်ပဒို စောတာဒိုမူးက ပြောကြားသည်။

နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍ များနှင့်ပတ်သက်သည့် အစိုးရနှင့် အပစ်ရပ်အဖွဲ့များ၏အလွတ်သ ဘောဆွေးနွေးပွဲများကို ဧပြီနှင့် မေလတွင် နှစ်ကြိမ်ပြုလုပ်ပြီးဖြစ် သည်။ ယင်းအလွတ်သဘောဆွေး နွေးပွဲရလဒ်များနှင့်ပတ်သက်ပြီး အပစ်ရပ်အဖွဲ့ခေါင်းဆောင်များ သည် မေလ ၂၇ နှင့် ၂၈ ရက်တွင် ထိုင်းနိုင်ငံချင်းမိုင်မြို့၌တွေ့ဆုံ၍ အလွတ်သဘောကိုယ်စားလှယ် အဖွဲ့၏တင်ပြချက်များကို ပြန် လည်သုံးသပ်ကာ မေလ ၃၀ နှင့် ၃၁ ရက်တွင် အစိုးရကိုယ်စား လှယ်အဖွဲ့နှင့် နေပြည်တော်၌ပြန် လည်ဆွေးနွေးမည်ဖြစ်သည်။

‘‘ပင်လုံအစည်းအဝေးလုပ် ဖို့က အဲဒီမှာဘယ်အချက်တွေ ဆွေးနွေးမလဲဆိုတာက အရေး ကြီးတာကိုး။ ပင်လုံအစည်းအဝေး မတိုင်ခင် လုပ်ငန်းအဖွဲ့အစည်း အဝေးတွေ လုပ်ရမယ်။ အဲဒီလုပ် ငန်းကော်မတီအစည်းအဝေးတွေ မှာ ဘာတွေဆွေးနွေးမလဲဆိုတာ အလွတ်သဘောဆွေးနွေးပွဲကနေ နည်းလမ်းရှာနေတာ။ တိုးတက် နိုင်ပါတယ်။ နှစ်ဖက်တစ်ဆို့နေတဲ့ ကိစ္စတွေ ကျော်လွှားနိုင်ဖို့ ဘယ် လောက်ထိ အာသီသပြင်းထန်လဲ ဆိုတဲ့အပေါ်မှာလည်း မူတည်တာ ပေါ့’’ ဟု ပဒိုစောတာဒိုမူးက ပြော ကြားသည်။

လာမည့်အစိုးရနှင့် အပစ် ရပ်အဖွဲ့များ၏ အလွတ်သဘော ဆွေးနွေးမှုများအောင်မြင်ပါက ၂၁ ရာစု ပင်လုံအစည်းအဝေး ကျင်းပနိုင်ရေး ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှုပူးတွဲကော်မ တီ(UPDJC)အစည်းအဝေးများ ခေါ်ယူနိုင်မည်ဟု UPDJC အ တွင်းရေးမှူးဦးလှမောင်ရွှေက ပြောသည်။

‘‘အခုစဉ်းစားနေတာက အ လွတ်သဘောပြေလည်ပြီး ရလဒ် တချို့ရရင်တောင် ဒီညီလာခံကို မြန်မြန်လုပ်လိုက်ချင်ကြတယ်။ နှစ်ဖက်စလုံးက’’ ဟု  ၎င်းကဆို သည်။

၂၁ ရာစုပင်လုံတတိယအ စည်းအဝေးကို ၂၀၁၇ ဒီဇင်ဘာ ကတည်းက ကျင်းပရန်စီစဉ်ခဲ့ သော်လည်း အစိုးရ၊ တပ်မတော် နှင့်အပစ်ရပ်အဖွဲ့များအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးမှုများအဆင်မပြေ၍ အ ကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရသည်။ ၂၁ ရာစုပင်လုံကို တစ်နှစ် နှစ်ကြိမ် ကျင်းပရန်သတ်မှတ်ထားသော် လည်း ယခုတတိယအစည်းအ ဝေးသည် တစ်နှစ်ကျော်ကြာသည် အထိ မကျင်းပနိုင်သေးပေ။

7Day

0 comments:

Post a Comment