Wednesday, June 20, 2018

ကမ္ဘာ့ဖလားပွဲ အထိမ်းအမှတ် ရုရှားတွင် သစ်သားပန်းပုထုပြိုင်ပွဲ ပြုလုပ်


လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့ဖလားပွဲ အထိမ်းအမှတ်နဲ့ ရုရှား-ဆားဘီးယား ချစ်ကြည်ရင်းနှီးမှုကို ဖော်ညွှန်းတဲ့အနေနဲ့ ရုရှားနိုင်ငံမှာ သစ်သားပန်းပုထုပြိုင်ပွဲ ပြုလုပ်နေပါတယ်။

ရုရှားနိုင်ငံမြောက်ပိုင်းက ကာလင်ဂရက်ဒေသ ဆေးဗားဂေါ့စ်မြို့မှာ ဇွန်လ ၁၇ ရက်နေ့က ကျင်းပခဲ့ကြတာပါ။

အဲဒီပြိုင်ပွဲကို ရုရှားနိုင်ငံတဝန်းက အနုပညာရှင် ၈ ဦး ပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ပြီး နည်းစနစ်မျိုးစုံ၊ ပစ္စည်းပစ္စယမျိုးစုံသုံးပြီး သစ်လုံးကြီးတွေကို အခုနှစ် ကမ္ဘာ့ဖလား လာဘ်ကောင်ရုပ် အပါအဝင် ရုရှားခေါင်းဆောင်ကြီး လီနင် စသူတွေရဲ့ ရုပ်တုတွေကို ပြိုင်ဆိုင် ထုဆစ်ခဲ့ကြပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဆားဘီးယားအသင်းဟာလည်း အခုသစ်သားပန်းပုပြိုင်ပွဲ ကျင်းပရာ ဆေးဗားဂေါ့စ်မြို့မှာ လေ့ကျင့်နေတာ ဖြစ်ပါတယ်။

အခုထုလုပ်တဲ့ သစ်သားရုပ်တုတွေကို မကြာမီဖွင့်လှစ်မယ့် “ရုရှား-ဆားဘီးယား ချစ်ကြည်ရေးရင်ပြင်” ကို ပို့ဆောင်ထားရှိသွားမှာလည်း ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment