Tuesday, June 19, 2018

အကြမ်းဖက်ခံရ၍ လူ၁၀၀ ကျော်သေဆုံးခဲ့ရသည့် ဖြစ်ရပ် ဟိန္ဒူလူမျိုးတွေက ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကိုတင်ပြ


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်ရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စက် ခရစ္စတင်း ရှရနာ ဘာဂျင်နာ (Christine Schraner Burgener) နှင့် မောင်တောခရိုင် ခယက ရုံးတွင် တွေ့ဆုံခွင့် ရခဲ့သည့် ဟိန္ဒူလူမျိုးများမှ မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိတ်တွင် ဟိန္ဒူလူမျိုး ၁၀၀ ကျော် အသတ်ခံခဲ့ရသည့် ဖြစ်ရပ်ကို တင်ပြခဲ့သည်ဟု သိရသည်။

ဟိန္ဒူလူမျိုး ခေါင်းဆောင်ဦးနီမောလ်က “ သူမနဲ့ တွေ့ခွင့်ရတဲ့ ဟိန္ဒူ အမျိုးသမီးက ၁၁ ဦး၊ အမျိုးသားက ၂ ဦး၊ စုစုပေါင်း ၁၃ ဦး ဖြစ်ပါတယ်။ တစ်ခြား မူဆလင်၊ မြိုစတဲ့ သူတွေလည်း ပါဝင်ပါတယ်။ အဲဒီမှာ ခမောင်းဆိတ်မှာ ဘယ်လို ဘယ်လို ဖြစ်ခဲ့သလဲ ပြောပါ။ ပြောပြချင်ရင် ပြောပြပါ။ မပြောပြချင်ရင်လည်း ရပါတယ်လို့ သူတို့က ပြောပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အဲဒီမှာ ခမောင်းဆိတ်၊ ရဲဘော်ကျက ဖြစ်ပျက်ခဲ့တာတွေကို ပြောပြလိုက်ပါတယ်။ ကျွန်တော်တို့က လူပေါင်း ၁၀၀ ကျော်ကို မူဆလင် ဘင်္ဂလီ အကြမ်းဖက်သမားတွေက သတ်ပစ်ခဲ့တာကို ပြောပြခဲ့ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ပြောပြရာတွင် ၂၀၁၇ သြဂုတ် ၂၅ ရက်နေ့ နံနက် ၈ နာရီတွင် ARSA ဦးဆောင်သည့် ဘင်္ဂလီ အကြမ်းဖက်သမားများ တုတ်ဓါး သေနတ်များကိုင်ပြီး ခမောင်းဆိတ်အနီးရှိ ရဲဘော်ကျရွာနှင့် တောင်ရွာသို့ ၀င်လာပြီး ကလေးငယ်များ အပါအ၀င် ယောင်္ကျားများကို ဖမ်းဆီးပြီးလက်များကို ကြိုးဖြင့်ချည်နှောင်ကာ မျက်လုံးများကို အ၀တ်စဖြင့် ပိတ်ချည် နှောင်ကြောင်း၊ ရိုက်နှက် ကန်ကျောက်မူများ ပြောလုပ်ကြောင်း၊ အမျိုးသမီးများကိုလည်း ဖမ်းဆီးပြီး ဖုန်းများနှင့် ရွှေငွေများ၊ ပိုက်ဆံများကို သိမ်းယူကြောင်း၊ ပြီးနောက် တောထဲသို့ ခေါ်ဆောင်သွားကာ ဘော်ဒလာရွာ အလွန်တောထဲတွင် လူအများအပြားကို သတ်ပစ်ခဲ့ကြောင်း၊ ထိုအထဲမှ အမျိုးသမီး ရှစ်ဦးကို မူဆလင်ဇာတ်ကို ၀င်ခိုင်းပြီး ဘင်္ဂလာဒေ့ရှ်သို့ ခေါ်ယူ သွားကြောင်း၊ သူတို့ကို နောက်ပိုင်းတွင် ဘင်္ဂလာဒေ့ရှ်မှ ပြန်ခေါ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ဦးနီမောလ်က ပြောပြသည်။

“ သူမ ပြောတာက စိတ်မကောင်းပါဘူး။ ၀မ်းနည်းတယ်။ နောင်ဒီလို မဖြစ်အောင် သူတို့ ကြိုးစားပေးမယ်။ သူတို့အနေနဲ့ ကူညီမယ်လို့လည်း ပြောသွားပါတယ်” ဟု ဦးနီမော်လ်က ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်ရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စက် ခရစ္စတင်း ရှရနာ ဘာဂျင်နာ (Christine Schraner Burgener)သည် သူမ၏ ပထမဆုံး မောင်တောခရီးစဉ်တွင် စစ်ရဟတ်ယာဉ်ဖြင့် စစ်တွေမှ တောင်ပြိုသို့ တိုက်ရိုက်သွားရောက်ခဲ့ပြီး တောင်ပြိုလက်ခံရေး စခန်း၊ တောင်ပြိုရှိ ချစ်ကြည်ရေး တံတား၊ နိုင်ငံတကာ နယ်စပ်မျဉ်းတွင် နေထိုင်ကြသည့် တစ်ဘက်နိုင်ငံသို့ ရှောင်တိမ်း ဘင်္ဂလီများနေထိုင်ရာသို့ သွားရောက်ခဲ့သည်။ ၎င်းနောက် ကြိမ်ချောင်းတွင် အိန္ဒိယ အကူအညီဖြင့် တည်ဆောက်နေသည့် အိမ်များကို ကြည့်ရှု့ကြောင်း၊ ပြီးနောက် လှဖိုးခေါင် ကြားလက်ခံရေး စခန်းကို ရဟတ်ယာဉ်ဖြင့် ကောင်းကင်ပေါ်မှ လှည့်လည် ကြည့်ရှုပြီး မောင်တော ဝေသာလီတွင် ရဟတ်ယာဉ် ဆင်းသက်ကြောင်း၊ ယင်းမှ တစ်ဆင့် ခယကရုံးသို့ သွားရောက်ကာ ဟိန္ဒူ၊ မူဆလင်၊ မြိုတိုင်းရင်းသားများနှင့် တွေ့ဆုံကြောင်း၊ ယင်းမှ တစ်ဆင့် ပန်းတောပြင်ကို သွားရောက်ခဲ့ပြီးနောက် စစ်တွေသို့ ပြန်သွားကြောင်း သိရှိရသည်

Narinjara

0 comments:

Post a Comment