Tuesday, June 5, 2018

ရန်ကုန်တိုင်း ၁၁ မြို့နယ်တွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များအကောင်အထည်ဖော်ဆောင်ရွက်မည့်အစီရင်ခံစာ မြို့တော်ဝန် လွှတ်တော်သို့တင်ပြ


''ရန်ကုန်တိုင်းဒေကြီးစည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်(၁၁) မြို့နယ်တွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီရင်ခံစာ'' နှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယနေ့ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၄၀)ရက်မြောက်နေ့တွင် လွှတတော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စရပ်များအား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရမှသာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့လည်း ဆက်လက်တင်ပြပြီး အတည်ပြုချက်ရယူမည်ဖြစ်ကာ ပွင့်လင်းမြင်သာမှုရှိစွာ အိတ်ဖွင့်တင်ဒါများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း မြို့တော်ဝန်က ရှင်းလင်းတင်ပြခဲ့သည်။

မြို့တော်ဝန်တင်ပြသော အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ ရှိပါက ယနေ့အစည်းအဝေးပြီးချိန်တွင် လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးပို့ရန် လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့သည်။

Popular News Journal

0 comments:

Post a Comment