Tuesday, June 5, 2018

တောင်သာမြို့နယ် ရုံးစည်ကြီး ကျေးရွာမှ အန်အယ်လ်ဒီပါတီဝင် ၁၀၀ ခန့် ပြည်ခိုင်ဖြိုးပါတီထဲဝင်ရောက်


တောင်သာမြို့နယ် ရုံးစည်ကြီး ကျေးရွာမှ အန်အယ်လ်ဒီပါတီဝင် ၁၀၀ ခန့်ဟာ ပြည်ခိုင်ဖြိုးပါတီထဲဝင်ရောက်ခဲ့တယ် လို့ အဲဒီကျေးရွာမှာ ဒီနေ့မွန်းလွဲပိုင်းပြုလုပ်တဲ့ ပြည်ခိုင်ဖြိုး ပါတီ၊ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားအရသိရပါတယ်။

"ကျ​နော်​တို့ပြည်သူတွေ ဆင်းရဲတွင်းနက်ခဲ့ကြရပါတယ်၊ တရားဥပဒေစိုးမိုးမှုမရှိလို့နေရာတိုင်းမှာ ခိုးဆိုးလုယက်မှုတွေ ဖြစ်နေတဲ့အပြင် အနောက်ဘက်ရခိုင်ဒေသမှာ အချုပ်အခြာကို ထိပါးခံရတဲ့ ခိုးဝင်ဘင်္ဂလီကိစ္စ၊ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲတွေအားလုံး ကောင်းတာဘာတစ်ခုမှမရှိဘူး၊ အနိဋ္ဌာရုံကြီးပဲဖြစ်နေကြားနေရပါတယ်၊ ဒါတွေဟာလက်ရှိအစိုးရ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ ဖြစ်တယ်၊ အတွေ့အကြုံမရှိ အပြောနဲ့အလုပ်မညီတာကို ကျ​နော်​တို့ သည်းမခံနိုင်တော့တဲ့အဆုံး ဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ်ဦးထိပ်ထားတဲ့အဖွဲ့၊ ဘာသာကိုအသက်ပေးကာကွယ်စောင့်ရှောက်နေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆီဝင်ရောက်ကြတာပဲ ဖြစ်ပါတယ်" လို့ ပါတီကူးပြောင်းဝင်ရောက်ရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး ပါတီကူးပြောင်းဝင်ရောက်ကြသူတွေကိုယ်စား ဦးပေါက်ကပြောပါတယ်။

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ၊ ဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​ရဲ့ ​​မြင်းခြံခရိုင်​၊​​တောင်​သာမြို့နယ်​ ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲ ခရီးစဉ်အတွင်း တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာမှာပြုလုပ်တဲ့ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားမှာ ​​တောင်​သာမြို့နယ်​ ကျေးရွာအုပ်​စုတွေက အသက်​ ၁၈ နှစ်​အထက်​ ပါတီဝင်​အသစ်​စုစု​ပေါင်း (၄၀၅) ဦး ပြည်​ခိုင်​ဖြိုးပါတီဆီဝင်ရောက်​ခဲ့တယ်လို့လည်းသိရပါတယ်။

"သူတို့က စည်းရုံးရေးကောင်းလို့ ပြောင်းလဲလာမလားဆိုပြီး ကျွန်တော်အဲဒီပါတီဝင်ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် တိုးတက်မလာဘူး၊ ကျွန်တော်တို့က ရပ်ကျိုးရွာကျိုး တကယ်လုပ်မယ့်ပုဂ္ဂိုလ်တွေ လိုချင်တာပါ၊ 

သူတို့ကအကွဲကွဲအပြဲပြဲတွေဖြစ်လာတော့ ကျွန်တော်တို့က အုတ်ရောရောကျောက်ရောရောအဖြစ်မခံချင်လို့ ပြည်ခိုင်ဖြိုးပါတီဆီပြန်ဝင်ခဲ့ကြတာပါ" လို့လည်း ဦးပေါက်ကပြောပါတယ်။

ပါတီဝင်သစ်တွေကို ပြည်ခိုင်​​ဖြိုး​ပါတီ ဗဟိုအလုပ်​အမှုဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံဦးဝဏ္ဏ​မောင်​လွင်​ကိုယ်တိုင် ပါတီရင်ထိုးတံဆိပ်တွေတပ်ဆင်ပေးခဲ့တာဖြစ်ပြီး အခမ်းအနားမှာ မန္တလေးတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးဝင်း​မောင်​က အမှာစကား​ ပြောကြားခဲ့သလို ​​တောင်​သာမြို့နယ်​ပါတီ​ကော်​မတီဝင်​ ဦး​​ကျော်​နိုင်​ကဒေသအ​ခြေအ​နေတွေကိုရှင်းလင်း​တင်​ပြခဲ့ပါတယ်။

"ကျွန်မက အရင်က အန်အယ်လ်ဒီပါတီဝင်တစ်ယောက်ပါ၊ အခုကတော့ ပြည်ခိုင်ဖြိုးပါတီကိုပဲ အယုံအကြည်ရှိတော့လို့ ပြည်ခိုင်ဖြိုးပါတီဆီဝင်လာတာပါ၊ ကျွန်မနဲ့အတူ ပါတီဝင်သူ ရာဂဏန်းလောက်ရှိပါတယ်" လို့ ရုံးစည်ကြီးကျေးရွာဒေသခံဒေါ်ရီရီဝင်းကပြောပါတယ်။




စောထွေး
Popular News Journal

0 comments:

Post a Comment