Wednesday, June 6, 2018

ဖေ့စ်ဘွတ်က တရုတ်ကုမ္ပဏီနဲ့ ချိတ်ထားပုံ လွှတ်တော်အမတ်တွေမကျေနပ်


ဖေ့စ်ဘွတ်က လူမှုကွန်ရက်အတွက် သုံးစွဲသူတွေ ပေးကြရတဲ့ ကိုယ်ရေးအချက်အလက်တွေကို တရုတ်ပြည်က ဟွာဝေ ဖုန်းကုမ္ပဏီ ကို ဝေမျှပေးတဲ့အတွက် အမေရိကန် လွှတ်တော်အမတ်တွေ က မကျေမနပ် ပြစ်တင်နေကြ ပါတယ်။

သူလျှိုလုပ်ငန်းတွေ လုပ်လာမှာစိုးရိမ်လို့ အမေရိကန် ကာကွယ်ရေး ဌာန ကတောင် ပိတ်ပင်ထားတဲ့ ဟွာဝေ ကို အခုလို ဖေ့စ်ဘွတ်က ကိုယ့်ပရိသတ်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မျှလိုက်တာဟာ အမျိုးသား လုံခြုံရေးကိုပါ ထိပါးစေနိုင်တယ်လို့ ပါတီကြီး ၂ ခုစလုံးက လွှတ်တော်အမတ်တွေက ပြောကြပါတယ်။

အမေရိက နဲ့ ကနေဒါ ၂ နိုင်ငံမှာ နေ့စဉ် ဖေ့စ်ဘွတ် သုံးစွဲသူပေါင်း ၁၈၄ သန်းကျော် ရှိပါတယ်။

RFA 

0 comments:

Post a Comment