Wednesday, June 6, 2018

KIO အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က မူဆယ်မြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘော်ဒါဆောင်များအား ဆက်ကြေးကောက်ခံ


KIO အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က မူဆယ်မြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်း များနှင့် ဘော်ဒါဆောင် ၂၁ ကျောင်းထံသို့ ဆက်ကြေးပေးဆောင်ရန် ဆက်ကြေးကောက်ခံသည့် စာများကို ဇွန် ၅ ရက် ညပိုင်းတွင် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။


၂ဝ၁၈ ခုနှစ်၊ ဇွန် ၅ ရက် ည ၉ နာရီခွဲခန့်တွင် GALAXY အဆင့်မြင့်ကျောင်းသို့ အသက် ၃၅ နှစ်ခန့်ရှိ အမျိုးသား တစ်ဦးက မော်တော်ဆိုင်ကယ်ဖြင့် လာရောက်၍ ကျောင်းသားတစ်ဦးအား ပေးအပ်ခဲ့ခြင်းဖြစ်ပြီး စာအိတ်ပေါင်း ၂၁ အိတ်ပါရှိကာ GALAXY အဆင့်မြင့်ကျောင်းအား ပေးပို့သော စာအိတ်တွင် အခြားစာများကို ညတွင်းချင်း ဝေငှပေးစေလိုကြောင်း ဖော်ပြပါရှိသည်။

ဆက်ကြေးကောက်ခံစာ များတွင် အကောက်ခွန် ဌာနခွဲ၊ ကွတ်ခိုင်ခရိုင်၊ အမှတ်(၉) တပ်ရင်းမှ ၂ဝ၁၈ ခုနှစ်၊ ဇွန် ၃ ရက်ရက်စွဲဖြင့် သက်ဆိုင်ရာ ကျောင်းအသီးသီးသို့ လိပ်မူ၍ အခွန်ငွေပေးဆောင်ရန် ကိစ္စခေါင်းစဉ်ဖြင့် ပေးပို့ထားပြီး အဆိုပါ ကျောင်းများသည် အမှတ်(၉) တပ်ရင်း၊ ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးရုံး၏ အုပ်ချုပ်ရာနေရာဒေသအတွင်း ပါဝင်ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် အခွန်ငွေကျပ် ၁၅ သိန်း၊ ၁ဝ သိန်းနှင့် ကိုးသိန်းတို့ကို ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးရုံး၊ အကောက်ခွန် ဌာနခွဲသို့ ဇွန် ၁၅ ရက် နောက်ဆုံးထားပေးဆောင်ရမည် ဖြစ်ကြောင်းနှင့် မှတ်ချက်အနေဖြင့် KIO မှ ဆက်ကြေး ကောက်ခံခြင်း မဟုတ်ဘဲ နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျက်ရှိသော အခွန်ကောက်ခံခြင်းသာ ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

မူဆယ်မြို့ရှိ ကိုယ်ပိုင်အထက်တန်း ကျောင်းများနှင့် ဘော်ဒါဆောင်များ အနက် GALAXY အဆင့်မြင့်ကျောင်း၊ အောင်ကိုယ်ပိုင် အထက်တန်းကျောင်း၊ JELC ကျောင်း၊ အောင်သရဖူဘော်ဒါ၊ ရွှေအောင်လံဘော်ဒါ၊ CMA အဆင့်မြင့်ကျောင်း၊ ဇွဲကိုယ်ပိုင်ကျောင်း၊ ကျော်ကိုယ်ပိုင် အထက်တန်းကျောင်း နှင့် ICTC(1) အဆင့်မြင့် ကျောင်းတို့ကို ငွေကျပ် ၁၅ သိန်း၊ မြတ်ထူးချွန်ဘော်ဒါ၊ စွမ်းရည်ဂုဏ် ဘော်ဒါ၊ ICTC(2) အဆင့်မြင့်ကျောင်း၊ အောင်မြင်သစ်ဘော်ဒါ၊ ချယ်ရီကိုယ်ပိုင်ကျောင်း၊ ဖောင်ဒေးရှင်း ကိုယ်ပိုင်ကျောင်း၊ ကောင်းစံဘော်ဒါ၊ ကြယ်စင်လင်းဘော်ဒါ၊ ရိန်းတူးဘော်ဒါ၊ အောင်နန်းတော်ဘော်ဒါ (စာအိတ်တွင် ဇေယျနန်းတော်ဟု ဖော်ပြပါရှိ)နှင့် ရောင်နီဦး ဘော်ဒါတို့ကို ငွေကျပ် ၁ဝ သိန်းနှင့် MEC မူလတန်းကျောင်းကို ငွေကျပ်ကိုးသိန်း ကောက်ခံထားခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။




တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး





0 comments:

Post a Comment