Tuesday, June 19, 2018

မနာလိုမုန်းတီးသူတွေကြောင့် ချစ်သူကို ထိခိုက်မှာစိုးလို့ ပရိသတ်ဆီ ချမပြသေးတာပါလို့ဆိုတဲ့ နေခြည်ဦး


ချစ်သူရှိနေပေမယ့် မနာလိုမုန်းတီးသူတွေကြောင့် ချစ်သူကို ထိခိုက်မှာစိုးလို့ ပရိသတ်ဆီကို ချမပြသေးတာပါလို့ Beauty Blogger တစ်ဖြစ်လဲ သရုပ်ဆောင် နေခြည်ဦးက ပြောလိုက်ပါတယ်။

နာမည်ကြီးမင်းသားတစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြပြီးပရိသတ်တွေ ပိုမိုသိလာခဲ့သူ တစ်ဦးဖြစ်တဲ့ နေခြည်ဦးကတော့ လက်ရှိမှာ သူမရဲ့ အချစ်ရေးကို အခုလိုပဲ ပြောပြခဲ့တာပါ။ 

“ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်သူရှိတာကို ချပြချင်ပါတယ်။ ဒါပေမယ့်မနာလိုမုန်းတီးတဲ့သူတွေက ကိုယ့်ကို တိုက်ခိုက်တာ ဘယ်လိုမှမနေပေမယ့် ချစ်သူကိုထိခိုက်မှာကိုတော့ မကြိုက်ဘူး။ အပြင်ကပါပဲ။ လူငယ်ဆိုတော့ သ၀န်တိုတာတော့ ရှိတာပေါ့။ဒါပေမယ့် နေခြည်အလုပ်ကိုမကန့်ကွက်ပါဘူး။ နေခြည်ကိုလည်း အရမ်းချစ်ပါတယ်” လို့ သူမက ဆိုပါတယ်။

နေခြည်ဦးဟာ လက်ရှိမှာလည်း ရွှေထူး၊ ဖြိုးငွေစိုး၊ ရွှေမှုံရတီတို့နဲ့အတူ ရုပ်ရှင်ကားတစ်ကား ရိုက်ကူးနေပြီး ဒီကားမှာလည်း ချစ်သူအပေါ် အရမ်းချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်နေရာကနေ ပါဝင် သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အ၀ါရောင်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment