Monday, June 18, 2018

တရုတ်လူမျိုးတစ်ဦး၏ နေအိမ်အတွင်းမှ တောရိုင်းတရိစ္ဆာန်အပိုင်းအစများနှင့် ဒီတိုနေတာ(၉၀၀)ခု ဖမ်းဆီးရမိ


မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပဒါန်းကျေးရွာအုပ်စု ပဒါန်းကျေးရွာ၊ အမှတ်(၂) ရပ်ကွက်မှ တရုတ်လူမျိုး တစ်ဦး၏ နေအိမ်မှ တောရိုင်းတိရစ္ဆာန်အပိုင်းအစများနှင့် ပေါက်ကွဲစေသော ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။

ဇွန်လ ၁၆ ရက်နေ့ နေ့လည်ပိုင်းက သိမ်ဆည်းရမိခဲ့ခြင်း ဖြစ်ပြီး ငဖဲမြို့မရဲစခန်းမှ ပုဒ်မ (၃)ခုဖြင့် တရားစွဲ ဆို ထားကြောင်း သိရသည်။

" တရုတ်လေး(ခ)လီကွမ်းယုရဲ့နေအိမ်ဘေး ဂိုထောင်ကို သတင်းအရဝင်ရောက်ရှာဖွေရာမှာ သမင်ဦးချို (၃)ခု၊ အရေခွာထားတဲ့ သင်းခွေချပ်အစို(၄)ကောင်နှင့် အကြေးခွံများ၊ ဝက်ဝံဦးခေါင်းတစ်ခုအပါအဝင် အရေခွံနဲ့ အ သားများနဲ့ အဆီများ၊ ဖြူးစူးများနဲ့ စုစုပေါင်းပိသာချိန်(၁၃၅)ပိသာခန့် သိမ်းဆည်းရမိခဲ့ပါတယ်" ဟု ငဖဲမြို့မ စ ခန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍  တရုတ်လေး(ခ)လီကွမ်းယု(၄၂)နှစ်အား ငဖဲမြို့ရဲစခန်းမှ ပအမှတ်(ပ)၃၆/၂၀၁၈ ဇီဝမျိုးစုံ/မျိုးကွဲနှင့် သဘာ ဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၄၀(က)၊ ၄၁(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထို့အပြင်တရုတ်လေး(ခ)လီကွမ်းယု၏ နေအိမ်ဘေး ဂိုထောင်အတွင်းမှ အမိုနီယမ်နိုက်ထရိတ် (၅၀) ကီလို ဂ ရမ်ပါ (၃) အိပ်နှင့် ဖြူးတွဲကပ်ပါ ဒစ်တိုနီတာ(၅၀)ခုပါ (၁၈)စည်း စုစုပေါင်း(၉၀၀)ခုကိုပါ ရှာဖွေတွေ့ရရှိခဲ့သဖြင့် ပအမှတ်(ပ)၃၇/၂၀၁၈ ပေါက်ကွဲစေတတ်သောပစ္စည်းများ ဆိုင်ရာဥပဒေပုဒ်မ ၅ဖြင့် ငဖဲမြို့မရဲစခန်းမှ ထပ်မံ အမှူရေးဖွင့်ထားကြောင်း သိရသည်။


သက်နောင် - မင်းလှ( အကုန်သိသတင်းဌာန)

0 comments:

Post a Comment