Monday, June 18, 2018

ကမ္ဘောဇဘဏ်မှ ငွေလွှဲပို့မှု အနည်းဆုံး ကောက်ခံသည့် ဝန်ဆောင်ခကို ဇူလိုင်လ၁ရက်မှ စတင်ကာ မြန်မာကျပ်ငွေ ၅၀၀ ဖြင့် ပြောင်းလဲ ကောက်ခံသွားမည်


ကမ္ဘောဇဘဏ် မှ ငွေလွှဲပို့မှု အနည်းဆုံး ကောက်ခံသည့် ဝန်ဆောင်ခ ကို  ယခင်ကောက်ခံသည့် နှုန်းထားမှ မြန်မာ ကျပ်ငွေ ၅၀၀ ဖြင့် ပြောင်းလဲ ကောက်ခံသွားမည့် အစီအစဉ်ကို ဇူလိုင်  ၁ ရက်မှ စတင်ကာ ပြောင်းလဲ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇဘဏ် အနေဖြင့် ဘဏ်ခွဲကောင်တာတွင် ငွေလွှဲပို့မှု အနည်းဆုံးကောက်ခံသည့် ဝန်ဆောင်ခအား ဇူလိုင်လ ၁ရက်မှ  စတင်၍ မြန်မာကျပ်ငွေ (၅၀၀) သို့ပြောင်းလဲ သွားမည်ဖြစ်ကြောင်း ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက ဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်လီမိတက်မှ ၎င်း၏ ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှုအတွက် လက်ရှိသုံးစွဲလျက်ရှိသော ဒစ်ဂျစ်တယ် နည်းစနစ်ကို  အဆင့်မြှင့်တင် ကာ ပြောင်းလဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း  ထုတ်ပြန်ကြေညာခဲ့သည်။

 ငွေလွှဲပို့မှု အနည်းဆုံးကောက်ခံသည့်နှုန်းထားကို သာပြောင်းလဲခြင်းဖြစ်ပြီး အခြားသော ငွေလွှဲခနှုန်းထားများမှာ ယခင်အတိုင်းသာရှိမည်ဖြစ်ပြီး အနိမ့်ဆုံး ကောက်ခံမည့် ဝန်ဆောင်ခသာ ပြောင်းလဲသွားမည် ဖြစ်ကြောင်းသိရသည်။

“ပြည်တွင်းငွေလွှဲဝန်ဆောင်မှုနှုန်းထားတွေက လွန်ခဲ့တဲ့ (၇) နှစ် အတွင်းမှာ ပြောင်းလဲမှု မရှိခဲ့ပါဘူး။ လက်ရှိ နှုန်းထားတွေကလည်း ခေတ်နဲ့လျော်ညီခြင်း မရှိတော့တဲ့အတွက် ဘဏ်အနေနဲ့ ရေရှည် ယှဉ်ပြိုင်နိုင် စွမ်းကို အားကောင်းစေနိုင်ဖို့ အခုလိုပြင်ဆင်ရတာ ဖြစ်ပါတယ်” ဟု ကမ္ဘောဇဘဏ်၏ Head of Domestic Remittance ဖြစ်သူ ဦးပိုင်မင်းက ပြောကြားခဲ့သည်။

အဆင့်မြင့် KBZ iBanking ကို အသုံးပြု၍ အခြားသူများ၏ ကမ္ဘောဇဘဏ်အကောင့်သို့ ငွေလွှဲပေးပို့သည့် ဝန်ဆောင်ခများ (Internal Transfer Fees) ကို ဇူလိုင်လ ၁ ရက်မှ စတင်၍ ပြောင်းလဲ ကောက်ခံခြင်းဖြစ်ပြီး မိမိ၏ ကိုယ်ပိုင်ဘဏ်ကောင့် တစ်ခုမှ တစ်ခုသို့ ငွေလွှဲခြင်း (Own Account Transfer) အတွက် ငွေလွှဲခ ကို ကောက်ခံခြင်း လုံဝမရှိကြောင်း သိရသည်။

ကေကေ (အကုန်သိသတင်းဌာန)

0 comments:

Post a Comment