Monday, June 18, 2018

အစိုးရအဖွဲ့ဝင်များ ပုဂ္ဂလိကပွဲတက်ခွင့် တားမြစ်

အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ထားခြင်းမရှိသည့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များက ဖိတ်ကြားသောအခမ်းအနားများသို့ ပြည် ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခြင်းမပြုရန် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားသည်။

‘‘တချို့တွေက ဘာဖွင့်ပွဲ၊ ညာဖွင့်ပွဲစတာတွေမှာ သွားသွားတက် နေတာ တွေ့ရတယ်။ ဆိုလိုတာက မဆိုင်တဲ့ဟာမှာ သွားပြီးတော့ ဖိတ် တာနဲ့တက်နေတာရှိနေလို့ ထုတ်လိုက်တာ’’ ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယမန်နေ့တွင် ပြောသည်။

အဆိုပါညွှန်ကြားချက်ကို ပြီးခဲ့သောရက်ပိုင်းက ထုတ်ပြန်ခဲ့ပြီး ဌာန အတွင်းထုတ်ပြန်သည့်စာဖြစ်ကြောင်း ၎င်းကပြောသည်။

ထိုညွှန်ကြားချက်တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအားလုံး၊ ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့အားလုံးသို့ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားခြင်းဖြစ်သည်။

ယင်းညွှန်ကြားစာတွင် ‘နိုင် ငံတော်အစိုးရ (သို့မဟုတ်)တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရနှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက် ထားခြင်းမရှိကြောင်း ပြည်တွင်း၊ ပြည်ပပုဂ္ဂလိက စီးပွားရေးလုပ် ငန်းရှင်များ၏ အစီအစဉ်ဖြင့် ကျင်းပပြုလုပ်သည့် အခမ်းအနား များသို့တက်ရောက်ရန် ဖိတ်ကြား မှုများကို လက်ခံတက်ရောက်ခြင်း မပြုရန်’ ဟုဖော်ပြထားသည်။

‘‘ညွှန်ကြားချက် တကယ် ထုတ်ရင် ရောက်လာမှာပါ။ သေ ချာတော့မသိသေးပါဘူး’’ ဟု ပြန် ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးမျိုးမြင့်မောင်က အ ထက်ပါညွှန်ကြားချက်နှင့် ပတ် သက်၍ ပြောသည်။

အစိုးရနှင့် လုပ်ငန်းရှင်အထိ အတွေ့များလာလျှင် လာဘ်ပေး၊ လာဘ်ယူများလာမည်ကို ကန့် သတ်လိုခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်မိကြောင်း စီးပွားရေးလုပ် ငန်းရှင် ဒေါက်တာစိုးထွန်းကပြော သည်။

ဧရာဝတီတိုင်း လျှပ်စစ်၊ စွမ်းအင်၊စက်မှုလက်မှုနှင့် လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်း ဌေးကမူ အဆိုပါညွှန်ကြားစာမရ ရှိသေးကြောင်း ပြောသည်။

7Day

0 comments:

Post a Comment