Sunday, June 17, 2018

မော်လမြိုင်အပါအဝင် မွန်ပြည်နယ်ရှိ ခုနစ်မြို့နယ် ရေကြီး ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ရေကြီးမှုဟု သက်ကြီးရွယ်အိုဒေသခံများပြော၊ အရေးပေါ်ကယ်ဆယ်ရေးစခန်း ၂၀ ကျော် ဖွင့်လှစ်ထား


မွန်ပြည်နယ်အတွင်း မော်လမြိုင်အပါအဝင် ခုနစ် မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန်လ ၁၇ ရက် နံနက် က စ၍ ရေကြီးနစ်မြုပ်မှု ဆိုးရွားစွာ ကြုံတွေ့နေပြီး အရေးပေါ်ကယ် ဆယ်ရေးစခန်း ၂၀ ကျော် ဖွင့်လှစ်ထားကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

မော်လမြိုင်မြို့တွင်း မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ကျိုက်သလ္လံဘုရား အရှေ့ဘက်မုခ်ရှိ မြေသားနံရံပြိုကျကာ အနီးဝန်းကျင်ရှိ နေအိမ်အချို့ ပြောင်းရွှေ့ထားရသည်။ မော်လမြိုင်မြို့တွင် ရပ်ကွက် ၂၉ ခုရှိပြီး အများစု ရေကြီးနေကာ ကယ်ဆယ်ရေးစခန်း ၁၇ ခုဖွင့်လှစ်ထားသည်။ ပေါင်မြို့နယ် မုတ္တမကျေးရွာအုပ်စုနှင့် သဲဖြူကုန်းကျေးရွာတို့တွင် နေအိမ်များရေနစ်မြုပ်ခြင်း၊ မုဒုံမြို့နယ်နှင့် ကျိုက်မရောသို့ ဖြတ်သန်းသည့် တံတားများ  ပြိုကျပျက်စီးခြင်းကြောင့် ခရီးသွားလာခြင်း ကို ယာယီပိတ်ထားရသည်။ သံဖြူဇရပ်မြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ဆားသိုလှောင်ရုံများ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မော်လမြိုင်မြို့တွင် ရေကြီး မှုကြောင့် ဈေးဆိုင်များ၊ စား သောက်ဆိုင်များပိတ်ထားပြီး ရေ ကြီးနေသဖြင့် သွားလာရေးခက်ခဲ သည်။

မော်လမြိုင်မြို့တွင် ယခုကဲ့သို့ ဆိုးရွားစွာ ရေကြီးနစ်မြုပ်မှုသည် တောင်ကျရေကျဆင်းမှုများခြင်း၊ မိုးရေချိန်လက်မများခြင်း၊ မြစ်ရေ တက်ခြင်းတို့ တိုက်ဆိုင်၍ဖြစ်ပြီး နှစ် ၆၀ အတွင်း ယခုတစ်ကြိမ်သာ ကြုံတွေ့ဖူးကြောင်း မော်လမြိုင် မြို့နယ် သီရိမြိုင်ရပ်ကွက်မှ အသက်(၆၀)ကျော် ဦးသောင်းထွန်း က ဆိုသည်။

‘‘အဓိကကတော့ တောင်ကျ ရေကျတာနဲ့၊ မိုးကြီးတာနဲ့၊ မြစ်ရေ တက်တာနဲ့ ကြုံသွားတယ်။ မော် လမြိုင်မှာ ရေမြောင်းတွေသိပ်မရှိ တော့ ဆယ်စုနှစ်ကာလအတွင်း မှာ ဒီလို ရေကြီးတာပါ’’ ဟု ဦးသောင်းထွန်းက ဆိုသည်။

‘‘အခုလို ရေကြီးတာ တစ်ခါ မှ မကြုံဖူးဘူး။ ညဘက်အိပ်လိုက် တော့ မနက်ကျတော့ အိမ်ထဲကို ရေဝင်နေပြီ။ ကိုယ့်ရပ်ကွက်တစ်ခု တည်းလားဆိုပြီး သူငယ်ချင်းအိမ် တွေကို မေးကြည့်တော့ မော်လ မြိုင်တစ်မြို့လုံး ရေကြီးတယ်လို့ ပြောတယ်။ အောက်ဈေးဘက်ဆို ကားတွေပါ မြုပ်တယ်။ အဘိုး၊ အဘွားတို့လည်း ဒီလိုရေကြီးတာ မကြုံဖူးဘူးလို့တော့ ပြောတယ်။ ဒီ နေ့ ရုံးပိတ်ရက်ဆိုလို့ တော်သေး တယ်။ မဟုတ်ရင် အလုပ်ပါ ခွင့် ယူရမယ်။ သွားလာရေးခက်ခဲလို့’’ ဟု မော်လမြိုင်မြို့မှ မယဉ်ယဉ် မင်းလှိုင်က ပြောသည်။

ရေကြီးနစ်မြုပ်မှုကြောင့် လူ အသေအပျောက်မရှိသော်လည်း ပျက်စီးဆုံးရှုံးမှုများခဲ့သည်။ သို့ သော် ပျက်စီးဆုံးရှုံးသည့် စာရင်း အသေးစိတ် မသိရသေးပေ။ မော်လမြိုင်မြို့တွင် ကယ်ဆယ် ရေးစခန်း ၁၇ ခု၊ ပေါင်မြို့နယ် တွင် ကယ်ဆယ်ရေးစခန်း သုံးခု နှင့် အခြားမြို့နယ်များတွင်လည်း ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ထားကြောင်း ဝန်ကြီးချုပ်ဒေါက် တာအေးဇံက ပြောသည်။ မော်လ မြိုင်ခရိုင်ရှိ ခြောက်မြို့နယ်နှင့် ပေါင်မြို့နယ်မှ မုတ္တမကျေးရွာ တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးခဲ့ကြောင်း ဒေါက်တာအေးဇံက သုံးသပ်ပြောကြားသည်။

‘‘အဓိကက မိုးများလို့ ရေကြီးခဲ့တယ်။ ကျိုက်သလ္လံဘုရားကိစ္စ က စိုးရိမ်စရာမရှိဘူး။ ဒါပေမဲ့ ညောင်ရေသွန်းတဲ့ နေရာဘက်မှာ မြေပြိုမှုတွေ ရှိတယ်။ အရှေ့ဘက်မုခ် စောင်းတန်းက ဓာတ်လှေကားနည်းနည်း စောင်းသွားတယ်။ ဘုရားပင်မက ဘာမှ မဖြစ်ဘူး။ ဘုရားဖူးတွေကိုတော့ မပိတ်ထား ဘူး။ အန္တရာယ်ရှိ လမ်းတွေနဲ့ နေရာတွေကို ကြိုးတွေနဲ့ပိတ်ထား တယ်။ ကယ်ဆယ်ရေးစခန်းမှာ ရှိတဲ့ လူဦးရေကို စာရင်းလိုက် ကောက်နေတော့ လူဦးရေစာရင်း ကို မသိသေးဘူး။ လူအသေအ ပျောက်တော့ မရှိဘူး။ ပစ္စည်းဆုံး ရှုံးမှုတန်ဖိုးလည်း မသိသေးဘူး’’ ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ပြောသည်။

မော်လမြိုင်သံလွင်တံတား ယာယီပိတ်ထားသည်မှာ မဟုတ် ဘဲ မုတ္တမဘက်တွင် ရေကြီးရေ လျှံမှုကြောင့် တံတားပေါ် ဖြတ် သန်းသွားလာသည့် ကားများအန္တရာယ်မဖြစ်စေရန် တာဝန်ရှိ သူများက တံတားကို မိနစ်ပိုင်း တစ်လမ်းမောင်းပုံစံ လုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တံတားပိတ် ထားကြောင်း သတင်းများထွက် ပေါ်ခဲ့ပြီး တံတားပိတ်ရန် မညွှန် ကြားထားကြောင်း ဒေါက်တာ အေးဇံက ဆိုသည်။

ရေကြီးနစ်မြုပ်မှုဖြစ်ပွားရာ သို့ ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး မော်လမြိုင်မြို့ရေပြင်အတွင်း ထီးဆောင်း၍ သွားလာနေသော ဝန်ကြီးချုပ်၏ သတင်းဓာတ်ပုံသည် ယမန်နေ့ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကလည်း မော်လမြိုင်သို့ နေ့ချင်း လာရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေသည်။

ထို့အပြင် ရေကြီးနစ်မြုပ် သည့် မြို့နယ်များရှိ ကျောင်းများ သန့်ရှင်းရေးလုပ်ငန်းများ ဦးစားပေးဆောင်ရွက်ပြီးမှသာ ကျောင်းပြန်ဖွင့်မည်ဖြစ်ကြောင်း၊ ကယ် ဆယ်ရေးစခန်းတွင် ရောက်ရှိသူ များကို ကူညီထောက်ပံ့မှုများ ပြု လုပ်မည်ဖြစ်ကြောင်း ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဆိုသည်။

ရေကြီးနစ်မြုပ်မှုကြောင့် မော်လမြိုင်မြို့ ရွှေပြည်အေးရပ် ကွက်၊ လှိုင်ရပ်ကွက်၊ ကြက်တန်း မန္တလေးရပ်ကွက်၊ တောင်ပိုင်းရပ် ကွက်၊ သီရိမင်္ဂလာရပ်ကွက် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များ တွင် လူနေအိမ်များ၊ ဈေးဆိုင် များ၊ အိမ်ရှေ့များတွင် ရပ်ထား သည့် ကားကြီး၊ ကားငယ်များ ရေနစ်မြုပ်နေသည်ဟု ကြက်တန်း မန္တလေးရပ်ကွက်နေ  ဒေါ်သီစိုးက ဆိုသည်။

‘‘နှစ်ပေါင်း ၆၀ အတွင်းမှာ ဒီလိုတစ်ခါမှ မတွေ့ဘူး။ အိမ်ထဲ ထိ ရေဝင်တယ်။ မိုးကြီးလို့ မြစ်ရေက တက်တဲ့အချိန်နဲ့ ကြုံတယ်။ တောင်ရေက ကျတယ်။ ကျွန်မတို့ ရပ်ကွက်အတွင်းမှာ ရေအမြင့် သုံးပေလောက်ရှိတယ်’’ဟု ဒေါ်သီစိုး က ပြောသည်။

ရေကြီးမှုကြောင့် အရေးပေါ် အကူအညီအဖြစ် အဝတ်အထည် များလိုအပ်နေပြီး တောင်ဝိုင်းဓမ္မ ရက္ခိကျောင်း၌ ကယ်ဆယ်ရေး စခန်းဖွင့်ထားကြောင်း၊ လူဦးရေ ၁၅၀ ကျော် ကယ်ဆယ်ရေးစခန်း တွင် ရှိနေပြီဖြစ်ကြောင်း ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးဘို ဘိုဝင်းက ဆိုသည်။

‘‘ရေက မနက် ၃ နာရီမှာ စကြီးတယ်။ အရင်က ဒီလိုကြီးတာ မကြားဖူးဘူး။ အိမ်ထဲ ရေဝင် တယ်။ ရေမြုပ်လို့ ကယ်ဆယ်ရေး စခန်းမှာ လာနေတယ်။ ကျွန်မ ယောက်ျားတော့ ဆိုင်ကယ်ကယ် ရီမောင်းတယ်။ အခု ကယ်ဆယ် ရေးစခန်းမှာ မိသားစုအားလုံးလာ နေရတယ်။ အိမ်ကတော့ ရေမြုပ် နေတုန်းပဲ’’ဟု ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိနေသော မော် လမြိုင် တောင်ဝိုင်းရပ်နေ ဒေါ်အေး အေးသန်းက ပြောသည်။

ထို့အပြင် ပေါင်မြို့နယ်ရှိ မုတ္တမတိုက်နယ်ဆေးရုံအတွင်း ရေဝင်မှုကြောင့် ဆေးရုံတက်ကုသလူနာ ၂၆ ဦးအား မော်လမြိုင် ဆေးရုံသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဆေးရုံတာဝန်ရှိသူများက ဆို သည်။

ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော် ထူးက ‘‘ကယ်ဆယ်ရေးစခန်းမှာ ရှိတဲ့ သူတွေအတွက် အစားအ သောက်၊ ရေကိစ္စ၊ နေထိုင်ရေး ကိစ္စတွေကို အခုထိ ကူညီနေရ တုန်းပါ။ ရေမကြီးတဲ့ မြို့နယ် တွေအချို့က မိုးရေချိန်လက်မ မများလို့ပါ’’ဟု ပြောသည်။

‘‘အခုတော့ ရေနှစ်ပေ လောက် ပြန်ကျသွားပြီ။ ရေကြီး လို့ လူမသေပေမယ့် ရေကြီးတဲ့အ ချိန်မှာ မြွေတက်လို့ မော်လမြိုင် မှာ အမျိုးသမီးတစ်ဦး သေသွား တယ်။ အမျိုးသားတစ်ဦးတော့ ဆေးရုံမှာ သေ၊ မသေ မသိသေး ဘူး။ အခုချိန်ထိ ကယ်ဆယ်ရေး စခန်းမှာ ဝန်ဆောင်မှုအပိုင်းတွေ လုပ်နေရတယ်’’ဟု ဦးဘိုဘိုဝင်း က ပြောသည်။

7Day

0 comments:

Post a Comment