Sunday, June 17, 2018

ရေဘေးကြောင့် ရေးမြို့၌ ကျင်းပမည့် ငြိမ်းချမ်းရေးလူထုစကားဝိုင်း ဖျက်သိမ်း


ရေဘေးကြောင့် မွန် ပြည်နယ် ရေးမြို့ရှိ မွန်ဓမ္မာရုံ၌ ကျင်းပမည့် ငြိမ်းချမ်းရေးလူထု စကားဝိုင်းကို ဖျက်သိမ်းခဲ့ရ ကြောင်း အဆိုပါစကားဝိုင်းတွင် ကူညီပံ့ပိုးသူအဖြစ် ပါဝင်မည့်မင်းအောင်ထူးကပြောသည်။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာ၊ မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး မင်းကျော်ဇေယျာဦး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ နောင်ကျော်၊ တကောင်းနိုင်ငံရေးလေ့လာမှု အရပ်ဘက်အဖွဲ့အစည်းမှ ဦးရဲမျိုးဟိန်းတို့ ပါဝင်ဆွေးနွေးမည့် ‘ငြိမ်းချမ်းရေးသို့ လူထုအသံ’စကားဝိုင်းကို ဇွန်လ ၁၇ ရက်တွင် ကျင်းပရန် စီစဉ်ထားရာ မိုးရွာ၍ ရေကြီးမှုကြောင့် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

ယင်းငြိမ်းချမ်းရေးစကားဝိုင်းကို ဒေသခံလူထုသို့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ကိုယ်တိုင်ပါဝင်ဆောင် ရွက်နေသူများက ရှင်းပြရန်၊ ဒေသခံလူထု၏ ငြိမ်းချမ်းရေးအပေါ် သဘောထားများကို ဖော်ပြရန် ရည်ရွယ်၍ ပထမအကြိမ် ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။

‘‘ဒီလူတွေအားလုံး ပြန်ဆုံဖို့ က ညှိရမယ့်သဘောရှိတယ်’’ဟု မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အ စည်းများကွန်ရက် ညှိနှိုင်းရေးမှူး မင်းအောင်ထူးက အဆိုပါ ငြိမ်းချမ်းရေးစကားဝိုင်း ပြန်လည်ကျင်းပနိုင်မည့် အခြေအနေနှင့် ပတ်သက်၍ပြောသည်။‘ငြိမ်းချမ်းရေးသို့ လူထုအသံ’ ငြိမ်းချမ်းရေး လူထုစကားဝိုင်းကို ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် ရွှေ့ဆိုင်းခဲ့ရကြောင်း ပွဲစီစဉ်သူ နိုင်ကိုသူက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် မေတ္တာရပ်ခံစာဖော်ပြခဲ့သည်။

‘‘မိုးထဲရေထဲကြားမှ ငြိမ်းချမ်းရေးလူထုစကားဝိုင်းသို့ လာ ရောက်ကြသူများအား ကျေးဇူး တင်ကြောင်း၊ လာရောက်စဉ် ရေ ဘေးကြောင့် ခရီးမဆက်နိုင်ဘဲ အခက်အခဲ ကြုံနေရသူများအ တွက်လည်း စိတ်မကောင်းဖြစ်ရ ကြောင်း’’၎င်းကဆိုသည်။

ရေကြီးမှုကြောင့် ရေးမြို့ မြို့ ပေါ်ရပ်ကွက်များရှိ နေအိမ်များ ရေနစ်မြုပ်မှုဖြစ်ခဲ့၍ ရေဘေးဒုက္ခ သည်များအတွက် ကယ်ဆယ်ရေး စခန်းကို မွန်ဓမ္မာရုံအနီးရှိ အား ကစားခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

 ဇွန်လ ၁၆ ရက် ညကစ၍ စံချိန်တင် မိုးရွာသွန်းမှုကြောင့် ရေးနှင့် မော်လမြိုင်မြို့နယ် အပါအ၀င် မွန်ပြည်နယ်ရှိ မြို့ကြီးများ၌ ရေကြီးမှု ဆိုးရွားစွာကြုံတွေ့နေရသည်။

ရေဘေးမကြုံမီ ဇွန်လ ၁၄ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မွန်ဒေသခံများ၏ ငြိမ်းချမ်း ရေးစကားဝိုင်းကို မော်လမြိုင်မြို့၌ ပြုလုပ်ခဲ့သည်။

7Day

0 comments:

Post a Comment