Sunday, June 17, 2018

မွန်ပြည်နယ်တွင် မိုးကြီးမည်ကို ကြိုတင်သတိပေးခဲ့


မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ တွင် နေရာကွက်မိုးကြီးမည့် သတိပေးချက်ကို မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေ၀ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ဇွန်လ ၁၅ ရက်က ကြို တင်သတိပေးချက် ထုတ်ပြန်ထား သည်။

ဒေါက်တာထွန်းလွင်က ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်၌ မုတ်သုံလေ အား ကောင်းနေပြီး နောက်နှစ်ရက်အ တွင်း မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများတွင် မိုးပိုလာနိုင်ကြောင်း သတိပေးခဲ့သည်။

မိုးဇလကလည်း ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တွင် ဒေသအလိုက်နှင့် ပဲခူး၊ ရန်ကုန်တိုင်း၊ ချင်း၊ ကရင်နှင့် မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။

နေရာကွက်မိုးကြီးပြီးနောက် ယခုကဲ့သို့ ဆိုးရွားသော ရေဘေး ကြုံရသည့် အကြောင်းရင်းသည် ကပ္ပလီပင်လယ်နှင့် ထိစပ်နေ သော မွန်ပြည်နယ်တွင် ပင်လယ် ဒီရေတက်လာချိန်နှင့် နေရာကွက် မိုးကြီးချိန် တိုက်ဆိုင်ခြင်းကြောင့် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဒေါက်တာကျော် မိုးဦးက ပြောသည်။

‘‘ခါတိုင်းဆို တစ်မြို့၊ နှစ်မြို့ ပဲ မိုးကကောင်းတာ။ အခုက တော့ စခန်းတော်တော်များများ မှာ နေရာကွက်မိုးကြီးသွားတယ်။ မုဒုံဆိုရင် စံချိန်ကျိုးသွားတယ်။ မုတ်သုံကလည်း အားအလွန် ကောင်းနေတော့ မုတ်သုံနဲ့အတူ ဒီရေပါ ပါလာပြီး နှစ်ခုဆုံသွား တာပါ’’ဟု ဒေါက်တာကျော်မိုးဦး က ပြောသည်။

မွန်ပြည်နယ်တွင် ဇွန်လ ၁၇ ရက်က မြို့နယ်ရှစ်ခု နေရာကွက် မိုးကြီးခဲ့ပြီး ရေဘေးအဆိုးရွားဆုံး ကြုံတွေ့ခဲ့သော မော်လမြိုင်မြို့၌ ၂၄ နာရီအတွင်း ၁၃ ဒသမ ၇၀ လက်မရွာခဲ့သည်။ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ‘‘နှစ် ၄၀ လောက် အတွင်းအဆိုးရွားဆုံးလို့ပြောတယ်။ လူသေဆုံးတာ တစ်ယောက်ရှိတယ်။ ရေဘေးနဲ့ဆက်စပ်တဲ့ မြွေကိုက်တာ။ ရေဘေးသင့်သူစာရင်းက လောလောဆယ် မငြိမ်သေးဘူး’’ဟု ဇွန်လ ၁၇ ရက် ညက ပြောသည်။

မွန်ပြည်နယ် မော်လမြိုင်၊ ရေး၊ သံဖြူဇရပ်၊ မုတ္တမနှင့် ကျိုက်မရောမြို့နယ်တွင် ရေလွှမ်းမိုးမှု ကြုံတွေ့နေပြီး ဇွန်လ ၁၇ ရက်ည၌ ရေများ စတင်ကျနေပြီဖြစ်ကြောင်း ဒေါက်တာကိုကိုနိုင်က ပြောသည်။ သို့သော် မိုးဆက် လက်ရွာပါက ရေဘေးအတွက် စိုးရိမ်ရကြောင်း ပြောကြားသည်။

မော်လမြိုင်မြို့ကို ကမ္ဘာ့မြို့ တော်များမှ ဘေးဒဏ်ရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိသော မြို့တော်ဖြစ် ရန် ၂၀၁၅ က UNISDR- သဘာဝဘေးအန္တရာယ်လျှော့ချရေးကုလသမဂ္ဂနိုင်ငံတကာမဟာဗျူဟာ အဖွဲ့ထံတွင် မှတ်ပုံတင် စာရင်း သွင်းခဲ့သည်။ ထိုအခြေအနေတွင် ဆယ်စုနှစ် လေး၊ ငါးခုအတွင်း အဆိုးရွားဆုံး ရေဘေး ကြုံတွေ့ရခြင်းဖြစ်သည်။

မော်လမြိုင်မြို့ကို ဘေးဒဏ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော မြို့ တော်အဖြစ် အကောင်အထည် ဖော်လိုပါက သက်ဆိုင်ရာဌာန အားလုံးက တက်ညီလက်ညီ ပူး ပေါင်းဆောင်ရွက်ရန်လိုကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက တိုက်တွန်းသည်။

မွန်ပြည်နယ်နှင့် နယ်ချင်း ထိစပ်နေသော ပဲခူး၊ တနင်္သာရီ တိုင်းနှင့် ကရင်ပြည်နယ်တို့ ပါဝင်သော မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများတွင် ဇွန်လ ၁၉ ရက်အထိ နေရာကွက်မိုးကြီးနိုင်သည်ဟု မိုးဇလက သတိပေးချက် ထုတ် ပြန်ထားသည်။

7Day

0 comments:

Post a Comment