Sunday, June 3, 2018

ရှမ်းပြည်နယ်ဝန်ကြီးသုံးဦး ပြည်ပခရီးစဉ်သွားခွင့်မပြုကြောင်း ပြည်နယ်အစိုးရအကြောင်းကြား

ရှမ်းပြည်နယ်အ စိုးရအဖွဲ့မှ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးသုံးဦး၏ ပြည်ပခရီး စဉ်သွားရောက်ရန် စီစဉ်ထားမှုကို နိုင်ငံတော်သမ္မတရုံး ညွှန်ကြား ချက်နှင့်ကိုက်ညီမှုမရှိ၍ ခွင့်မပြု ကြောင်း ယင်းပြည်နယ်အစိုးရအ ဖွဲ့အတွင်းရေးမှူးဦးစိုးစိုးဇော်က ပြောသည်။

အာခါတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးအာဗေလနှင့်အ ဖွဲ့ဝင်သုံးဦးတို့ကို ဘေးကင်းစိတ် ချရသော အစားအသောက်နှင့် ပတ်သက်၍ ဇွန်လ ၃ ရက်မှ၈ရက်အထိ အင်ဒိုနီးရှားနိုင်ငံသို့ လေ့ လာရေးခရီးစဉ် သွားရောက်ရန် တင်ပြခြင်းအပေါ်ခွင့်မပြုကြောင်း ရုံးတွင်းပေးစာနှင့် ပတ်သက်၍ 7Day Daily သတင်းစာ၏မေးမြန်း မှုကို ဦးစိုးစိုးဇော်က ယင်းသို့ အတည်ပြုဖြေကြားသည်။

‘‘အဲဒီအပေါ်မှာ ဘာညာကိစ္စ ကြောင့်ဆိုတာ ကျွန်တော်တို့ အစိုးရက ဘာမှပြောစရာမရှိပါ ဘူး။ ကျွန်တော်တို့က ညွှန်ကြား ချက်အတိုင်းဆောင်ရွက်ခဲ့တာ ပါ။ ဒါတွေက ဥပဒေအတိုင်းပဲ။ ကိုက်ညီမှုရှိရင် သွားရတယ်။ ကိုက်ညီမှုမရှိရင် မသွားရဘူး။ ဒါမျိုးရှိပါတယ်’’ ဟု အထက်ပါ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်း ရေးမှူးက ရှင်းပြသည်။

မြန်မာနိုင်ငံရေးသင်တန်း ကျောင်း၏ စီစဉ်မှုဖြင့် ရှမ်းပြည် နယ်အစိုးရအဖွဲ့မှ အာခါတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး၊ လား ဟူတိုင်းရင်းသားလူမျိုးရေးရာဝန် ကြီး၊ လီဆူတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးနှင့် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်ခုနစ်ဦးပါဝင် သည့်အဖွဲ့ အင်ဒိုနီးရှားသို့ လေ့ လာရေးခရီးစဉ်သွားရောက်ရန် လွန်ခဲ့သည့်နှစ်လခန့်က စတင် စီစဉ်ခဲ့ကြောင်းနှင့် ခရီးစဉ်တစ် ရက်အလိုမှ သမ္မတရုံးညွှန်ကြား ချက်ဖြင့် သွားခွင့်မပြုသည်ကို သိ ရကြောင်း ၀န်ကြီးဦးအာဗေလက ရှင်းပြသည်။

‘‘ကိုယ်တို့အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး။ ဒါပေမဲ့ သမ္မ တရုံးကနေ ခွင့်မပြုဘူးဆိုတော့ ကိုယ်တို့က အစိုးရအဖွဲ့ဝင်တွေ လေ။ အဲဒါကြောင့် ဒီနေရာမှာ ဘာမှပြောဖို့မရှိဘူး။တစ်ခုတော့ ရှိတယ်။ ညွှန်ကြားချက်နဲ့ မကိုက် ညီဘူးဆိုတာ ဘာညွှန်ကြားချက် နဲ့ မကိုက်ညီဘူးဆိုတာ အဲဒါကို ကိုယ်တို့မသိဘူး’’ ဟု ဦးအာဗေလ က ပြောသည်။

၎င်းတို့သည် နိုင်ငံ့ဝန်ထမ်း ဖြစ်၍ နိုင်ငံတော်သမ္မတနှင့်ဝန် ကြီးချုပ်၏ ညွှန်ကြားချက်အတိုင်း ခွင့်မပြုသည့်ခရီးစဉ်ကိုသွားမည် မဟုတ်သော်လည်း ပြည်ပခရီး စဉ်သွားခွင့်မပြုသည့်အကြောင်း ကြားစာတွင်ပါရှိသည့် သမ္မတ ညွှန်ကြားချက်ဖြင့် ကိုက်ညီမှုမရှိ ပါသဖြင့်ဆိုသည့်အချက်ကို မသိ ရှိကြောင်းနှင့်  စိတ်မကောင်းဖြစ် မိကြောင်း အထက်ပါဝန်ကြီးက ဆက်လက်ပြောသည်။

7Day

0 comments:

Post a Comment