Tuesday, June 19, 2018

မိုးထိမိုးမိဒေသ ရှိရွှေတွင်းလုပ်ကွက်များပြန်လည်တူးဖော်ခွင့်ရရေးအတွက် နေပြည်တော်တွင် ဆန္ဒထုတ်ဖော်


အမျိုးသားကြီးပွားတိုးတက်ရေးကုမ္မဏီမှတူးဖော်လျှက်ရှိသည့်မိုးထိမိုးထိဒေသ ရွှေလုပ်ကွက်များကိုအစိုးရမှတူးဖော်ခွင့်ပိတ်သိမ်းလိုက်သည့်အတွက် ရွှေတွင်းလုပ်သားများနှင့်ဆက်စပ်အဖွဲ့များကယနေ့မနက်နေပြည်တော်တွင် လာရောက်ဆန္ဒထုတ်ဖော်ခဲ့သည်။

နိုင်ငံတော်သို့ရွှေကြွေးကျန်များပေးသွင်းရန်ရှိနေသဖြင့်အမျိုးသားကြီးပွားတိုတက်ရေးကုမ္မဏီ၏ရွှေတူးဖော်ခွင့်ကို အမှတ်(၂)သတ္ထုတွင်းဝန်ကြီးဌာနမှ ယခုနှစ်ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှစတင်ကာရပ်တန့်ထားသည့်အတွက် ယခုလိုဆန္ဒထုတ်ဖော်ကြခြင်းဟုသိရသည်။

"တစ်လကိုပိသာ(၆၀)လောက်ဘဲထွက်တာကို(၉၂)ပိသာတောင်းနေတယ်ဆိုတာကလေလံမှာသူတို့ဖော်ပြခဲ့တံ့ရွှေပါဝင်မှုနှုန်း(၃၈ PPMမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဖက်ကမပေးသွင်းနိုင်ခြင်းဖြစ်ပါတယ်။

ထုတ်လုပ်နေတာမှပိသာ(၆၀)ဆိုတော့လေလံမှာပါတဲ့ရွှေပါဝင်မှုနှုန်းထက်လေးဆလောက်လျော့နည်းတာကြောင့်လေလံအတိုင်းတူးဖော်ရရှိ ရင်တော့သတ္ထုတွင်းဝန်ကြီးဌာနကိုလည်း ပေးနိုင်မှာပေါ့"ဟု အမျိုးသားကြီးပွားတိုးတက်ရေးကုမ္မဏီမှအုပ်ချုပ်မှုဒါရိုက်တာဦးထွန်းအောင်စိုးက ဆန္ဒထုတ်ဖော်ရခြင်းနှင့်ပတ်သက်ပြီးရှင်းပြခဲ့သည်။

ယခုဆန္ဒထုတ်ဖော်ခြင်းကို အင်အားတစ်ထောင်ခန့်အထိပါဝင်ရန်တင်ပြခဲ့သော်လည်းအင်အားတစ်ရာသာခွင့်ပြုခဲ့သည့်အတွက် ယနေ့တွင်လူအင်အားတစ်ရာခဲ့ဖြင့်သာဆန္ဒပြခဲ့ခြင်းဖြစ်ပြီးအစိုးရမှ ပြန်လည်လုပ်ကိုင်ခွင့်မပေးပါက ရန်ကုန်ရှိ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ကိုလည်းသွားရောက်ဆန္ဒပြရန်စီစဉ်ထားသည်ဟုသိရသည်။




အောင်ပြည့်စုံ
Popular News Journal


0 comments:

Post a Comment