Tuesday, June 19, 2018

ရှစ်လေးလုံးပြည်သူ့ပါတီနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်ပြော


ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဆောင်ရွက် ချက်များနှင့် ပတ်သက်၍ ရှစ် လေးလုံး ပြည်သူ့ပါတီခေါင်း ဆောင် ဦးကိုကိုကြီး၏ ပြောကြား ချက်သည် ၎င်း၏ ထင်မြင်ယူဆ ချက်သာဖြစ်ကာ ကော်မရှင်အနေ ဖြင့်ဥပဒေနှင့်အညီ လုပ်ကိုင် ဆောင်ရွက်ခဲ့ကြောင်း ကော်မရှင် ပြောရေးဆိုခွင့်ရှိသူဦးမြင့်နိုင်က ပြောသည်။

‘ရှစ်လေးလုံးပြည်သူ့ပါတီ’ ၏ အမည်၊ အလံနှင့် အမှတ်တံ ဆိပ်ပြောင်းလဲရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံး ဖြတ်ချက်သည် အချက်အလက် တစ်စုံတစ်ရာစိစစ်ခြင်းမရှိမီက တည်းက ကြိုတင်ဆုံးဖြတ်ထား ကြောင်း ပါတီခေါင်းဆောင်ဦးကို ကိုကြီးက ဇွန်လ ၁၇ရက်၌ ရန်ကုန်တွင် သတင်းစာရှင်းလင်း ခဲ့သည်။ ‘‘ဒါက သူတို့ယူဆချက် ပေါ့နော်။ ကျွန်တော်တို့ကတော့ ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင် ရွက်နေခဲ့ပါတယ်။ အခုလည်း ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင် ရွက်နေတယ်။ နောက်လည်း ဥပဒေနဲ့အညီဆောင်ရွက်မှာပေါ့ နော်’’ ဟု ဦးမြင့်နိုင်က ဇွန်လ ၁၈ ရက်တွင်ပြောသည်။

ထို့အတူ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ဆုံးဖြတ် ချက်သည် ဥပဒေနှင့် ကွဲလွဲ ကြောင်း၊ ကော်မရှင်၏ ဆုံးဖြတ် ချက်တွင် ပြည်ထဲရေး၏ ကန့် ကွက်ချက်မပါဝင်သလို ပါတီ၏ အမည်၊ အလံနှင့် အမှတ်တံဆိပ် တို့သည် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ ပင်မဥပ ဒေပါ အချက်များနှင့် ငြိစွန်းမှုမရှိ ကြောင်း ဦးကိုကိုကြီးက ဇွန်လ  ၁၇ ရက်သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားသည်။ ထို့အတူ ကော်မရှင်သည် ပါတီနှင့် ပတ် သက်၍ တရားဝင်ကန့်ကွက်မှုများ လက်မခံစဉ်ကာလကတည်းက အမည်ပြောင်းလဲရန် မေတ္တာရပ်ခံ ခဲ့မှုရှိကြောင်း ဦးကိုကိုကြီးက သတင်းစာရှင်းလင်းပွဲတွင် ထုတ် ဖော်ပြောကြားသည်။

ရှစ်လေးလုံးပြည်သူ့ပါတီ ခေါင်းဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲပါ ပြောကြားချက်များ နှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တာဝန် ရှိသူများအနေဖြင့် ပြန်လည်ဆွေး နွေးသုံးသပ်မှုရှိ၊ မရှိ မေးမြန်းရာ ‘‘အခုထိတော့မရှိသေးပါဘူးဗျ’’ ဟု ဦးမြင့်နိုင်က ယမန်နေ့ညနေ တွင်ဖြေကြားသည်။

‘‘ကျွန်တော်တို့ဘက်က တော့ ကျွန်တော်တို့ဘာသာ ကျွန် တော်တို့ ရှင်းရှင်းလင်းလင်းလွတ် လွတ်လပ်လပ်ဘယ်သူ့သြဇာမှ မ ရှိဘဲနဲ့ ဥပဒေနဲ့အညီလုပ်ကိုင် ဆောင်ရွက်နေပါတယ်’’ ဟု ၎င်း ကဆက်လက်ပြောသည်။

ရှစ်လေးလုံးပြည်သူ့ပါတီအ နေဖြင့် ဇူလိုင် ၁၃ရက်မတိုင်မီ နာ မည်၊ အလံနှင့် အမှတ်တံဆိပ်အ သစ်များမတင်ပါက ပါတီထူ ထောင်ခွင့် အလိုအလျောက်ပျက် ပြယ်မည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်က အကြောင်းကြားထား သည်။ တိုင်းနှင့် ပြည်နယ်အသီး သီးရှိ ရှစ်လေးလုံးပြည်သူ့ပါတီ ဖြစ်မြောက်ရေးကော်မတီဝင်များ က ဇွန်လ၂၄ ရက်၌ ရန်ကုန်မြို့  တွင်အစည်းအဝေးပြုလုပ်ကာ ပါ တီအမည်၊ အလံ၊ အမှတ်တံဆိပ်  ပြောင်းလဲရန်  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန် ကြားချက်နှင့် ပတ်သက်၍ ညှိနှိုင်း  တိုင်ပင်မည်ဖြစ်ကြောင်း ပါတီ ဒုခေါင်းဆောင် ဦးရဲနိုင်အောင် ကပြောသည်။

7Day


0 comments:

Post a Comment