Sunday, June 17, 2018

" ​ရွေး​ကောက်ပွဲကော်မရှင် ဥပ​ဒေကိုအလွဲသုံးစားလုပ်​" ဟု ဦးကိုကိုကြီး​ပြောဆို


ပြည်​​ထောင်​စု ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ အ​နေဖြင့်​ ဥပ​ဒေကို အလွဲသုံးစားပြုလုပ်​ဟု ဦးကိုကိုကြီးက ယ​နေ့ပြုလုပ်​သည့်​ နိုင်​ငံ​ရေးပါတီတစ်​ရပ်​ ဖြစ်ေုမာက်​​ရေး ​ကော်​မတီ ရံးတွင်​ပြုလုပ်​သည့်​ သတင်းစာရှင်းလင်းပွဲတွင်​​ပြောဆိုလိုက်​သည်​။

"ဥပ​ဒေကိုအလွဲသုံးစားလုပ်​တယ်​ဆိုတာက ​ကောက်​ချက်​​ပေါ့ သုံးသပ်​ချက်​​ဖြစ်​ပါတယ်​ ကျွန်​​တော်​အ​နေနဲ့က​တော့ အဖြစ်​အပျက်​​တွေကို အစဉ်​လိုက်​​ဖော်​ပြသွားတာဖြစ်​ပြီး​တော့ ဥပမာ နိုင်​ငံ​ရေးသု​တေသီတို့ သုံးသပ်​​လေ့လာသူတို့ သာမာန်​စာဖတ်​ပရိတ်​သတ်​ကအစ သူတို့သက်​ဆိုင်​ရာ ဒီအချက်​အလက်​​တွေ​ပေါ်မှာ မှန်​မှန်​ကန်​ကန်​သုံးသပ်​နိုင်​​အောင်​ပဲ ကျွန်​​တော်​က ​ဖော်​ပြတာဖြစ်​ပါတယ်​ " ဟု ဦးကိုကိုကြီးက​ပြောသည်​။

၈၈၈၈ ပြည်​သူ့ပါတီဟု အမည်​​ပေးထားသည့်​ ပါတီအား ဦးကိုကိုကြီးဦး​ဆောင်​သည့်​ ၈၈ မျိုးဆက်​ ​ဟောင်း များတည်​​ထောင်​ထားခြင်းဖြစ်​ပြီး အဆိုပါအမည်​ နှင်​ ပါတီအလံ အမှတ်​တံဆိပ်​တို့ကို ကန့်​ကွက်​သူ ၂၀၀ ခန့်​ရှိ​သော​ကြောင့်​ ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​က ဇွန်​လ ၇ ရက်​​နေ့ အစည်းအ​ဝေးအရ ခွင့်​မုပု​ကြောင်း အ​ကြောင်းပြန်​ကြားခဲ့သည်​။

"နာမည်​​ပြောင်းဘာညာ မလုပ်​ခင်​ထဲက ​လေးလုံးမသုံးပါနဲ့ နှစ်​လုံးသုံးပါ ဒါကို အကြံပြုတယ်​ဆို​ပေမယ့်​ နှစ်​လုံးသုံးရင်​​တော့ လက်​ခံမယ်​ ဆိုတဲ့ ကြိုတင်​ဆုံးဖြတ်​ချက်​မျိုး ရှိ​နေတယ်​လို့ ကျွန်​​တော်​တို့အ​နေနဲ့မြင်​ရတယ်​ " ဟုဦးကိုကိုကြီးက ၈၈၈၈ အမည်​နှင့်​ပတ်​သတ်​၍ ရည်​ညွှန်း​ပြောဆိုသည်​။

နိုင်​ငံ​ရေးပါတီများ မှတ်​ပုံတင်​ခြင်းဆိုင်​ရာဥပ​ဒေတွင်​ ဘာသာသာနာအား ထိခိုက်​​စေရခြင်း ၊ ဒို့တာဝန်​အ​ရေးသုံးပါးကို ထိခိုက်​​စေခြင်း နှင့်​ အခြားပါတီများ၏ အမည်​ ၊ အလံ ၊ အမှတ်​တံဆိပ်​တို့နှင့်​ တူညီပါက ကန့်​ကွက်​နိုင်ြ​ကြောင်း ​ဖော်​ပြထားသည်​။

ပြည်​​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​သည်​ ၈၈၈၈ အမည်​အား ကန့်​ကွက်​ရန်​ ကြိုတင်​ဆုံးဖြတ်​ထားသကဲ့သို့ဖြစ်​​နေ​ကြောင်း ဦးကိုကိုကြီးက​ပြောသည်​။

နိုင်​ငံ​ရေးပါတီများ မှတ်​ပုံတင်​ခြင်း ဥပ​ဒေသည်​ ချို့ယွင်းအားနည်းချက်​များရှိ​သည်​ဟု ယူဆ​ကြောင်း ဒီမိုက​ရေစီ နိုင်​ငံထူ​ထောင်​နေသည့်​အချိန်​တွင်​ ပြင်​ဆင်​ရမည်​ဖြစ်​သည်​ဟု အဆိုပါ ပါတီတည်​​ထောင်​သူ တစ်​ဦးဖြစ်​သည့်​ ဦးရဲနိုင်​​အောင်​က​ပြောသည်​။

ရွေး​ကောက်​ပွဲ​ကော်​မရှင်​က ၈၈၈၈ ပြည့်​သူ့ပါတီ အမည်​ ၊ အလံ နှင့်​အမှတ်​တံဆိပ်​တို့ကို ပြန်​လည်​ပြင်​ဆင်​၍ ဇူလိုင်​ ၁၃ ရက်​တွင်​ ပြန်​လည်​ ​လျောက်​ထားရမည်​ဟု ​​အ​ကြောင်းပြန်​ကြားထားသည်​။

ကော်​မရှင်​၏ ဆုံးဖြတ်​ချက်​သည်​ ဥပ​ဒေနှင့်​ မညီသည့်​အတွက်​ သုံးသပ်​ပြင်​ဆင်​ရန်​တင်​ပြထား​ကြောင်း ဦးကိုကိုကြီးက​ပြောသည်​။

အဆိုပါကိစ္စနှင့်​ပတ်​သတ်​၍ ပါတီတည်​​ထောင်​လိုသူများက ဇွန်​လ၂၄ ရက်​တွင်​ စုံညီအစည်းအ​ဝေး ပြုလုပ်​ ဆုံးဖြတ်​ သွားမည်​ဟု သိရသည်​။

The Fifth Wave News

0 comments:

Post a Comment