Friday, November 30, 2018

တရားလို ဦးမိုးနိုင်​၏ စုံစမ်းစစ်​​ဆေးစဉ်​က​တွေ့ရှိချက်​များကိုပြန်​လည်​​စစ်​​ဆေး

အဂတိလိုက်​စားမှုနှင့်​တရားစွဲဆိုခံထားရသည့်​ ဥပဒေအရာရှိဟောင်း ၅ ဦးကို ယ​နေ့​နေ့လည်​ပိုင်းက ရန်​ကုန်​တိုင်း​ဒေသကြီး တရားလွှတ်​​တော်​တွင်​ ရုံးထုတ်​စစ်​​ဆေးခဲ့သည်​။ ...

ရွှေထည်အပ်နှံထားသူကို ပြည်သူ့ လွှတ်တော်အမတ်၏ မိခင်ဖြစ်သူ၊ရွှေဆိုင်ပိုင်ရှင်က ရေနွေးပူဖြင့် လောင်းမှု့ ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့၊မင်းရပ်တွင် ရွှေထည်လာရောက်ရွေးယူသည့်အမျိုးသမီးတစ်ဦးကို ရွှေဆိုင်ဖွင့်လှစ်ထားသောအမျိုးသမီးတစ်ဦးက ရေ နွေးပူဖြင့် ပက်လောင်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။  ...

ကင်မွန်းချောင်းကျေးရွာဒေသခံများ ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ်ပြေးဆွဲခွင့် လျှောက်ထားသည်ကို မွန်ပြည်နယ် ၀န်ကြီးချုပ်ခွင့်မပြု

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာမှ ဒေသခံ ရွာသား ၃၀၀ ဦး စုပေါင်းကာ ကျိုက်ထီးရိုးဘုရား တောင်တက် လမ်းတွင် ပြေးဆွဲရန်အတွက် ကားအစီး ၃၀ ၀ယ်ယူခဲ့ပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ထံ မော်တော်ယာဉ် ပြေးဆွဲခြင်း လျှောက်ခဲ့ခြင်းကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ခွင့်ပြုပေးခြင်းမရှိကြောင်း ဒေသခံများက သတင်းမီဒီယာများကို ပြောကြားသည်။  ...

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နီပေါ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

နီပေါနိုင်ငံမှာ ရောက်ရှိနေလျက် ရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ နိုဝင်ဘာ ၃၀ ရက်မှာ နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီ ရှားမား အိုလီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ...

သံဇစ်မြစ်အတွင်း ရေအရောင်ပြောင်းလဲမှုသည် ရေနံယိုဖိတ်မှုကြောင့် မဟုတ်ဟုဆို

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရေထုညစ်ညမ်းမှုသည် ရေနံယိုဖိတ်မှု ကြောင့် ဖြစ်ပွားရခြင်း မဟုတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ပြောကြားသည်။ ...

ဘက်မတူခဲ့သူများမှသည် မိတ်ဖက်များအဖြစ်သို့

NLD အစိုးရအဝန်းအဝိုင်းတွင် ပြိုင်ဘက်ဟောင်းအများအပြားကို တာဝန်ပေးထားသည်  ၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရတက်လာပြီးနောက်ပိုင်း ပါတီအတွင်းလူများ၊ ပါတီနှင့်ရင်းနှီးသည့် ပါတီပြင်ပ ပုဂ္ဂိုလ်များသာမက ပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တချို့၊ တပ်မတော်အရာရှိဟောင်းတချို့ကိုပင် အရေးပါသည့် ထိပ်ပိုင်း နေရာများတွင် နေရာပေး ခန့်အပ်ခဲ့သည်။ ယခုနောက်ဆုံး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် လက်ရှိသမ္မတရုံးဝန်ကြီးဌာန...

တာချီလိတ်တွင် ရွှေတြိဂံစကားဝိုင်း ကျင်းပမည်

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ဒီဇင်ဘာ ၅ ရက်နေ့ ညနေ ၆ နာရီတွင် ရွှေတြိဂံစကားဝိုင်း (Talk Show) ကျင်းပ မည်ဖြစ်ကြောင်း အဆိုပါစကားဝိုင်းကို ဦးဆောင်ပြုလုပ်မည့် ရွှေတြိဂံဒေသသတင်းဌာန အယ်ဒီတာချုပ် ကိုထွန်း (မိုင်းဖြတ်) က ပြောကြားသည်။ ...

Grab သုံးဘီး ပုဂံတွင် ပြေးဆွဲမည်

ပြည်တွင်း အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သည့် Grab သည် ပြည်တွင်း၊ ပြည်ပခရီးသွားများအတွက် Grab သုံးဘီးယာဉ် အစီး ၃၀ ဖြင့် ပုဂံမြို့တွင် ပြေးဆွဲမည်ဖြစ်ကြောင်း Grab ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ...

ပုသိမ်စက်မှုစီမံကိန်း၌ လုပ်သားတစ်သိန်းခန့်နိုင်မည့် စက်ရုံ ၅၀ တရုတ်ကုမ္ပဏီက တည်ဆောက်မည်

ဧရာဝတီတိုင်း ပုသိမ်စက်မှုမြို့တော် စီမံကိန်းဧရိယာအတွင်း၌ လုပ်သားတစ်သိန်းခန့်ထားနိုင်မည့် အထည်ချုပ်စက်ရုံ များအပါအဝင် စက်ရုံ ၅၀ ကို တရုတ်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ပူးပေါင်းတည်ဆောက်မည်ဖြစ်ကြောင်း Ayeyarwaddy Development Public ကုမ္ပဏီထံမှ သိရသည်။ ...

မန္တလေး ဆရာစံဈေး အဆင့်မြှင့်ခြင်းလုပ်ငန်း ရက်ပိုင်းအတွင်းစမည်

မန္တလေးမြို့တော်အတွင်းရှိ ဈေး ၄၅ ခုအနက် အောင်မြေသာစံမြို့နယ်ရှိ ဆရာစံဈေးကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ယခုရက်ပိုင်းတွင် စတင်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။ ...

သာသနာရေးဝန်ကြီးက အစွန်းရောက်ဘာသာတရားတခုဟုသုံးနှုန်းခြင်းမှာ ဘာသာတရားတခုကို ရည်ရွယ်ချက်ရှိရှိပြောခြင်းမဟုတ်ဟု သာသနာရေးဝန်ကြီးဌာန ထုတ်ပြန်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက အစွန်းရောက်ဘာသာ တရားတခုဟုသုံးနှုန်းခြင်းမှာ ဘာသာတရားတခုကိုရည်ရွယ်ချက်ရှိရှိ ပြောဆိုသုံးနှုန်းခြင်းမဟုတ်ဘဲ ဘာသာ ရေးအယူအဆပြင်းထန်သူများကိုသာ ညွှန်းဆိုသုံးနှုန်းခြင်းဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက နိုဝင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။  ...

မိုင်းရယ်မြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုင်းရယ်မြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။  ...

ဘင်္ဂါလီဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ဖိအားပေးဖို့ နီပေါအစိုးရကို လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တောင်းဆို

ဘင်္ဂါလီဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ဖိအားပေးဖို့ နီပေါအစိုးရကို လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တောင်းဆိုခဲ့ပါတယ်။  ...

မြန်မာ့ဘောလုံး ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက် တနှစ်အတွင်း ၁၁ ဆင့်တက်လာ

မြန်မာနိုင်ငံရဲ့ ဘောလုံးအဆင့်အတန်းဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၅၀ ရှိနေရာကနေ အခုနှစ် နိုဝင်ဘာလမှာတော့ အဆင့် ၁၃၉ ကို တက်လာပါတယ်။  ...

ဧရာဝတီရင်းနှီးမြှုပ်နှံမှုပွဲမှ ထွက်ပေါ်လာသော ရလဒ်များကို တင်ပြလာပါက တိုင်းအစိုးရ ဆောင်ရွက်မည်

ဧရာဝတီရင်းနှီးမြှုပ်နှံမှုပွဲမှ ထွက်ပေါ်သည့် ရလဒ်များကိုတိုင်းအစိုးရထံသို့ တင်ပြလာပါက ဦးစားပေး ဆောင်ရွက်သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် ပြောကြားသည်။  ...

မန်းစည်ပင်ဥပဒေနှင့်ပတ်သက်ပြီး ပြည်သူ့အသံကြားနာပွဲ ပြုလုပ်မည်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေနှင့် ပတ်သက်၍ ပြည်သူ့အသံကြားနာပွဲကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ဒီဇင်ဘာလ ၇ ရက်နေ့ မှ ၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။  ...

ပုဂံမှာ ဝိဥာဉ်​ပူးခံရတယ်​ဆိုတာ စိတ်​ဝင်​စား​အောင်​လုပ်​ယူတာမဟုတ်​လို့ ရှင်းပြလာတဲ့​​​မေမြင့်​မိုရ်

MRTV 4 ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ​​​​​ပုဂံမြို့သူဇာတ်​ကားမှာပါဝင်​သရုပ်​​ဆောင်​နေတဲ့ သရုပ်​​ဆောင်​ ​မေမြင့်​မိုရ်​က ဇာတ်​ကားရိုက်​ရင်း ဝင်​ပူးခံခဲ့ရတယ်ဆို​တဲ့ခံစားမှုကို ခုလို​ပြောပြပါတယ်​။ ...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် အမှတ်၂ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့် လယ်ထဲ ရေသွင်းသွားစဉ် ရုတ်တရက်သေဆုံး

စကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) တိုင်ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွှန့်သည် ယနေ့ နိုဝင်ဘာလ ၃၀ရက် နံနက်ပိုင်းက လယ်ကွင်းထဲ ရေသွင်းသွားရာမှ ရုတ်တရက် သေဆုံး သွားခဲ့ကြောင်း သိရသည်။  ...

လှေစီး မွတ်စလင် ၉၃ ဦး စစ်တွေမြို့ကို ပြန်လည်ရောက်ရှိ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်မှာ စက်လှေနဲ့တွေ့ရှိခဲ့တဲ့ မွတ်စလင် ၉၃ ဦးဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တွေမြို့ သဲချောင်းကျေးရွာကို ရောက်ရှိလာပါတယ်။  ...

မြန်မာဘက်ကဝင်လာသည့် မူးယစ်ဆေးသယ်ဆောင်သူများနှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်ပွား

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ထဲမှာ မြန်မာဘက်ကဝင်လာတဲ့ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့အဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ မနေ့ည သန်းခေါင်လောက်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး မူးယစ်ဆေးသယ်လာသူတဦး သေဆုံးကာ စိတ်ကြွဆေးပြား ၃ သိန်းခွဲလောက် ဖမ်းဆီးရမိတယ်လို့ အေအီးစီ ထိုင်းရုပ်သံသတင်းမှာ ဖော်ပြပါတယ်။  ...

သက်ငယ်မုဒိမ်း ကျုးလွန်သူကို ထောင်တသက်ပြစ်ဒဏ်ချရန် အမျိုးသားလွှတ်တော်အတည်ပြု

အသက် ၁၂ နှစ်နဲ့ ၁၂ နှစ်အောက် မိန်းကလေးတွေအား မုဒိမ်းမှုကျုးလွန်တဲ့သူတွေကို ထောင်ဒဏ်တသက် ပြစ်ဒဏ်ပေးဖို့ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။  ...

စပိန်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင်းပင်အား ဆန္ဒပြမှုဖြစ်ပွား

တရုတ်သမ္မတရှီကျင်းပင်ဟာ အခုလ(၂၈)ရက်က စပိန်နိုင်ငံမက်ဒရစ်မြို့ကိုသွားရောက်ခဲ့ပါတယ်။သူသွားရောက် စဉ်အတွင်း နေရာအသီးသီးမှာလူတွေစုဝေးပြီး သမ္မတရှီကိုကြိုဆိုတဲ့အဖွဲ့တွေရှိသလို ဆန္ဒပြသူတွေလည်းရှိခဲ့ပါ တယ်။...

ကဗျာဆရာ မောင်ဆောင်းခ နယ်သာလန်သံရုံးကပေးသည့် လူ့အခွင့်အရေးဆုရရှိ

လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ – အသံအဖွဲ့ရဲ့ အမှုဆောင် ဒေါက်ရိုက်တာ ကဗျာဆရာ မောင်ဆောင်းခကို နယ်သာလန်သံရုံးက Myanmar Human Rights Tulip 2018 ဆုချီးမြှင့်လိုက်ပါတယ်။  ...

ရန်ကုန်မြို့သစ် စီမံကိန်းဖော်ဆောင်ရာမှာ တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ်

တရုတ်နိုင်ငံအစိုးရ ဟာ ရန်ကုန်မြို့သစ် ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်သွား မှာဖြစ်ပြီး အကျိုးရလဒ်များ လျင်မြန်စွာ ပေါ်ပေါက်လာရေးအတွက် သဘောတူညီချက်တွေ ရရှိထား ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ သတင်း ထုတ်ပြန်ချက်အရ မှာဖော်ပြထားပါတယ်။  ...

အမျိုးသမီး အကာအကွယ်ပေးရေး ဥပဒေ ချက်ခြင်းပြဌာန်းရန် တိုက်တွန်း

ကာလကြာမြင့်စွာ စောင့်ဆိုင်းနေရသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်သော ဥပဒေသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ပိုမိုအကာအကွယ် ပေးနိုင်မည်ဖြစ်သောကြောင့် ထိုဥပဒေကို အမြန်ဆုံး ပြဌာန်းပေးရန် မြန်မာနိုင်ငံမှ အမျိုးသမီး အဖွဲ့များက တောင်းဆိုလိုက်သည်။  ...

ဘုန်းကြီးကျောင်းဝင်းအတွင်း နာမှုကူညီရေးယာဉ်များထားရှိရန် အဆောက်အဦတည်ဆောက်မှု ကန့်ကွက်ခံရ

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ အမရဋ္ဌာနီအရှေ့ရပ်ကွက်၊ မတ္တရာတိုက်မကြီးကျောင်းဝင်းအတွင်းရှိ ပရဟိအသင်းသည် နာမှုကူညီရေးမော်တော်ယာဉ်များထားရှိရန်အတွက် အဆောက်အဦငယ်တစ်ခု တည်ဆောက်ရာ ကန့်ကွက်ခံနေရသည်ဟု ပရဟိတအသင်း ဥက္ကဋ္ဌ ဦးတင့်ဆွေက မဇ္ဈိမကိုပြောသည်။ ...

မြန်မာဘက်မှဘင်္ဂလားဒေ့ရှ်သို့ ရာဘကုန်ကူးမှုအကြောင်းဖော်ပြခဲ့သော Daily Starသတင်း အကောင်းဆုံးသတင်းဆုရရှိ

မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရာဘဆေးပြားတွေဝင်ရောက်လာတဲ့အကြောင်းဖော်ပြထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကThe Daily Starသတင်းစာကသတင်းတစ်ပုဒ်ဟာ ဒါကာသတင်းထောက်များသမဂ္ဂကပေးအပ်တဲ့ ယခုနှစ်အတွက် အကောင်းဆုံးသတင်းဆုကို ရရှိသွားပါတယ်။...

ထိုင်းနိုင်ငံအတွင်း ပတ်စ်ပို့ကိုင်ဆောင်၍ ဗီဇာအတုများ တွေ့ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးခြင်းမပြုဘဲ ထုတ်ပေးသည့် ပွဲစားများကို နှစ်နိုင်ငံ ပူးပေါင်း ဖော်ထုတ်မည်

.  ထိုင်းနိုင်ငံအတွင်း ပတ်စ်ပို့ကိုင်ဆောင်၍ ဗီဇာအတုများနှင့်အတူ တွေ့ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များကို ဖမ်းဆီးခြင်းမပြုဘဲ ပညာပေးကာ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲ ပြောင်းပေးပြီး ထုတ်ပေးသည့် ပွဲစားများကို နှစ်နိုင်ငံ ပူးပေါင်းဖော်ထုတ်မည်ဟု နိုဝင်ဘာလ တတိယပအပတ်အတွင်းက ကျင်းပပြုလုပ်ခဲ့သည့် (၁၂)ကြိမ်မြောက် နှစ်နိုင်ငံနယ်စပ်လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာဆက်ဆံရေးအစည်းအဝေးမှ သိရသည်။  .&nb...

(၂၀၁၉)မှစတင်ကာ လုပ်ငန်းလိုင်စင်မရှိသည့်ကျောင်းကားများအစား တိုင်းအစိုးရမှဝယ်ယူထားသည့် ကျောင်းကားများဖြင့်အစားထိုးမည်

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနသည့်ကျောင်းကားများကို လုပ်ငန်းလိုင်စင်ပြုလုပ်ရန် အသိပေးထားပြီး သတ်မှတ်စည်းကမ်းချက်အတိုင်းမလိုက်နာသည့် ကျောင်းကားများကို ပြေးဆွဲခွင့်ပိတ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝယ်ယူထားသည့် ကားများဖြင့်ပြောင်းလဲအသုံးပြုသွားရန် YRTAကစီစဉ်နေသည်။  ...

အောင်မြေသာစံမြို့နယ်မှ Level 4 အဆင့်မီးလောင်မှုကြောင့် နေအိမ် ၉ လုံးဆုံးရှုံးခဲ့

အောင်မြေသာစံမြို့နယ်တွင် လောင်ကျွမ်းခဲ့သော Level- 4 အဆင့်မီးလောင်မှုမှာ ဂတ်(စ်)အိုးယိုစိမ့်ပြီး အနီးပတ်ဝန်းကျင်ရှိ ပန်းထိမ်ဖိုမှ ပေါက်ကွဲမှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ နေအိမ်(၉)လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။  ...

ဂျာမန်ဝန်ကြီးချုပ် စီးနင်းလာသည့် လေယာဉ် စက်ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရ

ဂျာမန်ဝန်ကြီးချုပ် အန်ဂလာမာကယ်လ် သူစီးနင်းလာတဲ့ Konrad Adenauer အမည်ရှိ A340 လေယာဉ်ဟာ G20 ထိပ်သီးအစည်းအဝေးကိုသွားရောက်စဉ် စက်ချို့ယွင်းမှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ ...

အင်ဒိုနီးရှားမှာ ထောင်ဖောက်မှုဖြစ်ပွားလို့  အကျဉ်းသား ၉၀ ခန့်  ထွက်ပြေးလွတ်မြောက်

အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း အကျဉ်းထောင်တစ်ခုမှာ ထောင်ဖောက်မှုဖြစ်ခဲ့ပြီး အကျဉ်းသားတွေဟာ ထောင်စည်းရိုးကို ချိုးဖျက်ကာ ထွက်ခဲ့ကြတာကြောင့် အကျဉ်းသား ၉၀ လောက် လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။ ၀တ်ပြုဖို့ အတွက် စုဝေးနေကြတယ်လို့  ထင်ရချိန်မှာ အကျဉ်းသားတွေက ထောင်ဖောက်သွားခဲ့ကြတာဖြစ်ကြောင်း အရာရှိတစ်ဦးက နိုဝင်ဘာ ၃၀ ရက်နေ့ မှာ ပြောခဲ့ပါတယ်။   &nb...

ရွှေတိဂုံတွင် စင်ကာပူဇနီးမောင်နှံထံက ကျပ် ၁ သောင်းတန် ငွေစက္ကူအတုများ ဖမ်းမိ

ရွှေတိဂုံဘုရားကို လာရောက်ဖူးမျှော်တဲ့ စင်ကာပူနိုင်ငံသား ဇနီးမောင်နှံထံကနေ ကျပ် ၁ သောင်းတန် ငွေစက္ကူအတု ၄၅ ရွက် သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။  ...

အင်းတော်မြို့နယ်တွင် တရားမဝင်ကျောက်စိမ်းများဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ နိုဝင်ဘာ(၂၉)ရက် ည(၇)နာရီက တရားမဝင် ကျောက်စိမ်းမျိုးစုံ သယ်ဆောင်လာတဲ့ မော်တော်ယာဉ်တစ်စီးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဖြစ်စဉ်မှာ နဘား ရဲကင်းစခန်းမှူးဦးဆောင်တဲ့တပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ အင်းတော်မြို့နယ် မန္တလေး-မြစ်ကြီးနားကားလမ်း နန့်မကျိုင်းလမ်းဆုံမှာ စောင့်ဆိုင်းနေစဉ် မိုးညှင်းကနေ အင်းတော်ဘက်ကို မောင်းနှင် လာတဲ့ ခြောက်ဘီးယာဉ်ကို á€›á€•á€šá€á€”ယ့စစယ်ဆးခဲအပဍတယယ။ ...

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နီပေါသမ္မတနှင့် တွေ့ဆုံ

နီပေါနိုင်ငံမှာ ရောက်ရှိနေလျက် ရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းမှာတော့ နီပေါ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ နဲ့ သွားရောက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။...

နမ္မတူမြစ်တွင်း မျောပါသွားသည့် ကိုရီးယားသူကို တပတ်ကျော်ကြာထိ ရှာမတွေ့သေး

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုးတေကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့အပတ်က ကိုရီးယားနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တဦး နမ္မတူမြစ်ထဲပျောက်ဆုံးသွားခဲ့ပြီး တာဝန်ရှိသူတွေ နေ့စဉ်နဲ့အမျှ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပေမယ့် ဒီနေ့ထိ ရှာလို့မတွေ့သေးပါဘူး။  ...

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ ဒီဇင်ဘာလအတွင်း ကျမ်းကျိန်မည်

ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကျမ်းသစ္စာကျိန်ဆိုရန် မန္တလေးတိုင်း လွှတ်တော် အထူးအစည်းအဝေးကို ဒီဇင်ဘာ ဒုတိယပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ အသိုင်းအဝိုင်းထံမှ သိရသည်။ ...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် တရုတ်ဈေးကွက် ပိုမိုချဲ့ထွင်မည်ဟု သမ္မတရှီကျင့်ဖျင် ပြောကြား

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် တရုတ်အစိုးရက ဈေးကွက် ချဲ့ထွင်သွားမည်ဖြစ်ကာ ဉာဏ ပစ္စည်း မူပိုင်ခွင့် ကာကွယ်ခြင်းလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံတွင် ကျင်းပမည့် G 20 ကမ္ဘာ့ခေါင်းဆောင်များ အစည်းအဝေးကို ဦးတည်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။  ...

Thursday, November 29, 2018

သမ္မတရုံးဝန်ကြီးနှင့် ရခိုင်ပြည်နယ် တရားသူကြီး ခန့်အပ်

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုဝန်ကြီး ဦးမင်းသူကို ရာထူးတိုးမြှင့် ခန့်အပ်လိုက်တဲ့အကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်စာ ထုတ်ပြန်ပါတယ်။ ...

ချင်းပြည်နယ်အစိုးရ၏ဖွံ့ဖြိုးရေးလုပ်ငန်းများကို အမြဲကန့်ကွက်နေလျှင် တစ်နိုင်ငံလုံးတွင် အမြဲဖွံ့ဖြိုးမှု နိမ့်ကျနိုင်ကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်သတိပေး

ချင်းပြည်နယ်အစိုးရမှ မြေမတရားသိမ်းမှုမရှိသလို အစိုးရ၏လုပ်ငန်းများကို အမြဲကန့်ကွက်နေလျှင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် ချင်းပြည်နယ်သည် ဖွံ့ဖြိုးမှု အနိမ့်ဆုံးအဖြစ်ဆက်ရှိနေမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကသတိပေးပြောကြားသည်။ ...

ဟောင်ကောင်မှာ ဘတ်စ်ကားနဲ့ အငှားကားတို့ တိုက်မိလို့ လူ ၅ ဦး သေပြီး ၃၀ ကျော် ဒဏ်ရာရ

ဟောင်ကောင်မှာ နိုဝင်ဘာ ၃၀ ရက်က ခရီးသည်တင် ဇိမ်ခံဘတ်စ်ကားတစ်စီးနဲ့ တက္ကစီအငှားယာဉ်တစ်စီးတို့ တိုက်မိလို့ လူငါးဦး သေဆုံးကာ ၃၂ ဦးထိခိုက်ဒဏ်ရာတွေ အသီးသီး ရသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ...

မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်မှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ စတင် အစာငတ်ခံ ဆန္ဒပြ

အမေရိကန်နယ်စပ်ရှိ မက္ကဆီကိုနိုင်ငံရဲ့ တီဂျူယာနာနယ်စပ်မြို့မှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ ကြာသပတေးနေ့မှာတော့ အခြေအနေသစ်တစ်ခု အပြောင်းအလဲဖြစ်ရေးကို ရည်သန်ပြီး စတင် အစာငတ်ခံဆန္ဒပြကြပါတယ်။ ...

ရုရှားကို ဆန့်ကျင်ပြီး ကြီးမားတဲ့ အကူအညီတွေပေးဖို့ ယူကရိန်း တောင်းဆိုချက်ကို ဥရောပခေါင်းဆောင်တွေ ငြင်းပယ်

ရုရှားနဲ့ ရေပြင်အငြင်းပွားနေတဲ့ ယူကရိန်းနိုင်ငံဟာ စစ်သင်္ဘောများ စေလွှတ်ပေးဖို့ နေတိုးထံ တောင်းဆိုထားပါတယ်။ ဒါပေမယ့် ရုရှားကို ဆန့်ကျင်တဲ့ ယူကရိန်းရဲ့ ကြီးမားတဲ့ အထောက်အပံ့ တောင်းဆိုတာကို ဥရောပခေါင်းဆောင်တွေက ကြာသပတေးနေ့မှာ ခါးခါးသီးသီး ငြင်းပယ်လိုက်ပါတယ်။ ...

ဒေါ်အောင်ဆန်းစုကြည် သီလရှင်ဆရာကြီး ဒေါ်သုဓမ္မ၀တီထံသွားရောက်ဂါရ၀ပြုမည်

နီပေါနိုင်ငံတွင်ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓစာပေကျမ်းဂန်များ သင်ယူလေ့လာခဲ့ပြီး နီပေါတွင် သာသနပြုလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် သီလရှင်ဆရာကြီး သမီးချစ်(ခေါ်) ဒေါ်သုဓမ္မ၀တီထံ သွားရောက်ဂါရ၀ပြုမည်ဖြစ်ကြောင်း သိရသည်။  ...

စားသုံးသူပြည်သူက ကျခံရသည့် ကုန်သွယ်လုပ်ငန်းခွန် နှစ်စဉ်တိုးတက် ရရှိနေသော်လည်း စားသောက်ဆိုင်၊ ဟိုတယ်/တည်းခိုရိပ်သာ၊ ရုပ်မြင်သံကြား ဝန်ဆောင်မှု၊ မိုဘိုင်းဖုန်း အသုံးပြုခြင်းနှင့် ရွှေဆိုင်များ၌သာ ကောက်ခံနိုင်ပြီး ပိုမိုကျယ်ပြန့်စွာ ကောက်ခံနိုင်ရေး အလေးထား ဆောင်ရွက်သင့်ဟုဆို

စားသုံးသူ ပြည်သူများက ကျခံပေးနေရသည့် ကုန်သွယ်လုပ်ငန်းခွန် နှစ်စဉ်တိုးတက် ရရှိနေသော်လည်း စားသောက်ဆိုင်၊ ဟိုတယ်/တည်းခိုရိပ်သာ၊ ရုပ်မြင်သံကြားဝန်ဆောင်မှု၊ မိုဘိုင်းဖုန်း အသုံးပြုခြင်းနှင့် ရွှေဆိုင်များတွင်သာ အခွန်တံဆိပ် ကပ်နှိပ်ကောက်ခံ နိုင်သည့်အတွက် ပိုမိုကျယ်ပြန့်စွာ ကောက်ခံနိုင်ရေး အလေးထား ဆောင်ရွက်သင့်သည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ ဖြန့်ဝေသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ဒုတိယခြောက်လပတ် အခွန်ရငွေ စာရင်းများအပေါ်...

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရသူ နှစ်ဦး၏ အယူခံကို ယခုနှစ်ကုန်၌ အမိန့်ချဖွယ်ရှိပြီး အမိန့်မပြောင်းလဲပါက ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ တင်မည်ဟုဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် ပြစ်မှုကျူးလွန်သည်ဟုဆိုကာ သေဒဏ်ချမှတ် ခံထားရသည့် မြန်မာနိုင်ငံသား အလုပ်သမား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ ၏ နောက်ဆုံးအယူခံအား ထိုင်းနိုင်ငံ အမြင့်ဆုံးတရားရုံးသို့ တင်ထားမှုမှာ ကိုးလခန့် ကြာ မြင့်နေပြီဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းလောက်တွင် အမိန့်ချမှတ်နိုင်ဖွယ်ရှိကြောင်း လိပ်ကျွန်းလူသတ်မှုတွင် လိုက်ပါကူညီ ဆောင်ရွက်ပေးသည့် မြန်မာသံရုံး အထူးအဖွဲ့မှ ဦးအောင်မျိုးသန့်က ပြောကြားသည်။ ...

လက်ရှိဝန်ထမ်းလောကကို ကြည့်ပါက ကျန်းမာရေးမှအစ အုပ်ချုပ်ရေး၊ တရားရေး၊ လုံခြုံရေး၊ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်အပေါ် ပြည်သူများ အတော်စိတ်ပျက်နေကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

လက်ရှိဝန်ထမ်းလောကကို ကြည့်ပါက ကျန်းမာရေးမှအစ အုပ်ချုပ်ရေး၊ တရားရေး၊ လုံခြုံရေး၊ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်အပေါ် ပြည်သူများ အတော်စိတ်ပျက်နေကြောင်း NLD ပါတီဝင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက ထောက်ပြပြောကြားသည်။ ...

ဝန်ကြီးချုပ်အပြောင်းအလဲသတင်း ဖော်ပြသည့် The Speaker ဂျာနယ်နှင့် သမ္မတရုံး အငြင်းပွားမှု ပြေလည်

“ဝန်ကြီးချုပ်လေးဦးနှင့် ဝန်ကြီးအချို့ အနားပေးမည်ဟု သတင်းထွက်ပေါ်ဆိုသော” သတင်းဖော်ပြခဲ့သည့် The Speaker ဂျာနယ်နှင့် နိုင်ငံတော်သမ္မတရုံးအကြား အငြင်းပွားမှုပြဿနာ ပြေလည်သွားပြီဖြစ်ကြောင်း သတင်းမီဒီယာကောင်စီ MPC ဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က ပြောကြားသည်။ ...

KNU တပ်မင်းဟောင်း၏ မြေဧက ၂၀၀ ကျော်ကို ပြန်သိမ်းခံရ၍ နိုင်ငံတော်အတိုင်ပင်ခံထံ တင်ပြတောင်းဆိုမည်

တပ်မတော်အစိုးရလက်ထက်အတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မင်းဟောင်း စောထရူးမင်းကို လုပ်ပိုင်ခွင့်ပေးခဲ့သည့် တောင်ငူမြို့ဒိုးသောင်ကွင်းရှိ မြေဧက ၂၀၀ ကျော်ကို ယခုနှစ် အောက်တိုဘာလနောက်ဆုံးပတ်က ပဲခူးတိုင်းအစိုးရက ပြန်လည်သိမ်းဆည်းခဲ့သည့်အတွက် နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် နိုင်ငံတော်အဆင့် ပြန်လည်တင်ပြတောင်းခံမည်ဖြစ်ကြောင်း တပ်မင်းဟောင်း၏ မိသားစုဝင်များက ပြောကြားသည်။ ...

ဦးကိုနီအမှု သက်သေထွက်ရန် ရန်ကုန် ဒုတိုင်းရဲတပ်ဖွဲ့မှူးကို တရားရုံးခေါ်

ရန်ကုန်လေဆိပ်တွင် ရှေ့နေ ဦးကိုနီသေနတ်ဖြင့် ပစ်သတ်လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး စွဲချက်တင် စစ်ဆေးနေသော အောင်ဝင်းဇော်၏ လက်ကျန်ခံပြ သက်သေတစ်ဦးဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းမင်းသိန်းကို ရုံးတော်သို့ လာရောက် အစစ်ဆေးခံရန် သမ္မန်စာ ပေးပို့ထားကြောင်း မြောက်ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။ ...

ရွှေဆိုင်ပိုင်ရှင်က ရွှေထည်အပ်နှံထားသူကို ရေနွေးပူဖြင့်လောင်း

ပြည်ခရိုင် ပန်းတောင်းမြို့ မင်းရပ်တွင် ရွှေဆိုင်ဖွင့်လှစ်ထားသော အမျိုးသမီးက ရွှေထည်လာရောက်ရွေးသူ အမျိုးသမီးတစ်ဦးကို ရေနွေးပူဖြင့်လောင်းမှု နိုဝင်ဘာ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ပန်းတောင်းရဲစခန်းထံမှ သိရသည်။ ...

မနေ့ညက ကျောက်မဲ စခန်းသာမှာ နွားတင်ယာဉ်ပစ်ခံရပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ ၃ ဦးဒဏ်ရာရခဲ့

ယမန်နေ့ညက ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမပေါ် ကျောက်မဲမြို့နယ် စခန်းသာကျေးရွာအနားမှာဖြစ်ပွားခဲ့တဲ့ နွားတင်ယာဉ်အပစ်ခံရမှု နဲ့ နောက်ဆက်တွဲတိုက်ပွဲဖြစ်ပွားမှုဖြစ်စဉ် မှာ စုစုပေါင်း ၃ ဦး သေနတ်ကျည်မှန်ဒဏ်ရာရရှိခဲ့ပါတယ်။ ...