ရှမ်းမြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့ ဟိုနောင်-ကျင်ဆန်းကျော့သွားလမ်းဘေး ဘုန်းကြီးကျောင်းအလှူခံမဏ္ဍပ်အတွင်းရှိ အလှူခံပုံးအောက်မှ နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီခွဲခန့်က လက်လုပ်မိုင်းတစ်လုံးထောင်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ယင်းမြို့မရဲစခန်းထံမှ သိရှိရသည်။
ဘုန်းကြီးကျောင်းအလှူခံမဏ္ဍပ်အတွင်း အလှူခံပုံးအောက် အုတ်ခဲများအနီးတွင် မိုင်းထောင်ထားခဲ့ခြင်းဖြစ်ပြီး တွေ့ရှိသည်နှင့် ရဲစခန်းသို့အကြောင်းကြားသောကြောင့် နယ်မြေခံတပ်မတော်နှင့်ပေါင်းပြီး မိုင်းကို အချိန်မီအသက်မဲ့စေခဲ့ကြောင်း အဆိုပါရဲစခန်းထံမှ သိရှိရသည်။
မည်သူက ထိုသို့မိုင်းထောင်သွားသည်ကိုမူ မသိရှိသေးပေ။ လက်လုပ်မိုင်းတွင် ပေါက်ကွဲစေနိုင်သည့် ဒီတိုနေတာ ၂ ခုကို စက္ကူဂျပ်ပုံးထဲထည့်ထားပြီး အဝါရောင်တိပ်များ ပတ်ထားကြောင်း၊ တိပ်အနက်ရောင်ဖြင့် ပတ်ထားသည့် ဝါယာကြိုးတစ်ချောင်းတွေ့ရကြောင်း ကြူကုတ် (ပန်ဆိုင်း) ရှိ ရဲစခန်းထံမှသိရှိရသည်။
The Voice
0 comments:
Post a Comment