ရွေးကောက်ပွဲတရားမဲ့ ပြုကျင့်မှု ဥပဒေပုဒ်မ ၅၈ က ဖြင့် တရားစွဲခံထားရသော ပြည်ခိုင်ဖြိုးပါတီမှ ဆိပ်ကမ်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်အားယနေ့ နိုဝင်ဘာ ၂၉ရက် က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခွင့်ပြုလိုက်ကြောင်းသိရသည်။
အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲကိုရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းမှ ဥပဒေနည်းဥပဒေများနှင့်အညီ ကြီးမှူးကာကျင်းပခဲ့ခြင်းဖြစ်ခဲ့ပြီးဦးနေမျိုးအောင်နှင့်အတူတူလဲလှယ် ခန့်အပ်သည် တပ်မတော်သားကိုယ်စားလှယ်များပါ ကျိန်ဆိုခဲ့ကြောင်းသိရသည်။
၂၀၁၈ခုနှစ်နိုဝင်ဘာ ၃ရက်က ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဆိပ်ကမ်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် ဦးနေမျိုးအောင် အပါအ၀င် NLDပါတီမှ ဦးသန်းထိုက်အောင် နှင့် အခြားကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ရာဦးနေမျိုးအောင်မှ၅၁၄မဲ ဖြင့်အနိုင်ရရှိခဲ့ပြီးဦးသန်းထိုက်အောင်မှ၃၅၆မဲဖြင့်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
၎င်းနောက်နိုဝင်ဘာ ၁၇ရက်ညပိုင်းတွင် ဦးနေမျိုးအောင်နှင့်ငွေချေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးအပါအ၀င် ပြည်ခိုင်ဖြိုးပါတီ ၀င်တစ်ဦးတို့အား NLDပါတီမှ ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှု ဥပဒေပုဒ်မ ၅၈ ကဖြင့် ဆိပ်ကမ်းမြို့နယ်ရဲစခန်းတွင်အမှုဖွင့်လှစ်ခဲ့သည်။
အဆိုပါအမှုဖွင့်လှစ်ထားမှုအားNLDပါတီဘက်မှ မုံရွာဦးအောင်ရှင်ကပြောကြားထားရာတွင်အနိုင်ပြန်ရလို၍ ဖွင့်လှစ်ခြင်းမဟုတ်ဘဲရွေးကောက်ပွဲမသမာမှုကိုပြည်သူလူထုမှ အစဉ်အလာအဖြစ် ထင်သွားမည်စိုးသောကြောင့်ဖြစ်ကြောင်းအကုန်သိသတင်းဌာနကိုပြောကြားထားသည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)
0 comments:
Post a Comment