Thursday, November 29, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နီပေါနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာကေ၊ ပီ၊ ရှာမာအိုလီ၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ရန်နှင့် “ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး ၂၀၁၈ ” သို့ တက်ရောက်ရန် ယနေ့ ဒေသစံတော်ချိန် ၁၁၀၀ နာရီချိန်တွင် နီပေါနိုင်ငံ Tribhuvan နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိခဲ့သည်။


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Hon. Mr. Ishwor Pokhrel ၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H. E. Mr. Bhim K. Udas ၊ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရီပျံချီ ဦးထွန်းနေလင်းနှင့် ဇနီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ခရီးဦးကြိုဆို နှုတ်ဆက်ခဲ့ကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား လေဆိပ်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြောင်း သိရှိရသည်။

Ministry of Foreign Affairs Myanmar

0 comments:

Post a Comment