Thursday, November 29, 2018

ရုရှားသည် ယုံကြည်ရခြင်းမရှိဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ပြော



ယူကရိန်းရေတပ်သင်္ဘောတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ရုရှားရဲ့လုပ်ရပ်ဟာ ယုံကြည်လို့မရဘူးဆိုတာကို ပြသ လိုက်တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis က ပြောခဲ့ပါတယ်။ အဲဒီလို ရုရှား ရဲ့လုပ်ဆောင်မှုဟာ ယူကရိန်းနဲ့ ရုရှားတို့အကြား ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ကို ချိုးဖောက် လိုက်တာ လည်း ဖြစ်တယ်လို့ မက်တစ်က ပြောခဲ့ပါတယ်။ 
ယူကရိန်းနဲ့ ရုရှားတို့အကြား စာချုပ် ချုပ်ဆိုထားတာ ရှိပါတယ်။ အခုလို လုပ်ဆောင်မှုက ရုရှားဟာ သူတို့ရဲ့ ကတိက၀တ်တွေကို ထိန်းသိမ်းဖို့ လုပ်ဆောင်ခဲ့ခြင်းမရှိဘူးဆိုတာကို ပြသနေပါတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။ 
မက်တစ်ဟာ ပင်တဂွန်မှာ လစ်သူယေးနီးယား ကာ ကွယ်ရေးဝန်ကြီးနဲ့ မတွေ့ဆုံခင်မှာ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လစ်သူယေးနီးယားကာကွယ်ရေးဝန်ကြီးက ခရိုင်းမီးယားမှာ ရုရှားရဲ့ နောက်ဆုံးလုပ်ဆောင်မှုဟာ ကျူးကျော်ရန်စမှု တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။ ရုရှားဟာ ယူကရိန်းရေတပ်သင်္ဘောတွေနဲ့ ရေတပ်သားတွေကို အခုလ(၂၅)ရက်က ခရိုင်းမီးယားအနီးမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ 


အဲဒီသင်္ဘောတွေဟာ ရုရှားရဲ့ ရေပြင်ပိုင် နက်ထဲသို့ တရားမ၀င်ဝင်ရောက်လာခဲ့လို့ ဖမ်းဆီးထိန်းသိမ်းရခြင်းဖြစ်တယ်လို့ ရုရှားက ပြောခဲ့ပေမဲ့ ယူကရိန်းတို့ကတော့ အဲ့ဒီလို လုပ်ဆောင်ခဲ့တာမရှိဘူးလို့ ငြင်းဆန်ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။



One News Myanmar

0 comments:

Post a Comment