ယူကရိန်းနိုင်ငံတဲ့ တင်းမာမှုတွေ ဖြစ်ပေါ်နေချိန်မှာ ရုရှားနိုင်ငံက S-400 မြေပြင်ပစ်မှ ဝေဟင်ပစ် ဒုံးကျည်တွေကို ခရိုင်းမီးယားဒေသမှာ ဖြန့်ကြက် ချထားလိုက်ပါတယ်။
ရုရှားနိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ခရိုင်းမီးယားဒေသမှာ ယူကရိန်း စစ်သင်္ဘောတွေကို ပစ်ခတ် ဖမ်းဆီးခဲ့ရာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား တင်းမာမှုတွေ ဖြစ်နေပါတယ်။ ရုရှားဟာ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားဒေသကို သိမ်းပိုက်ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ဖြန့်ချထားခဲ့ပါတယ်။
ယူကရိန်းကလည်း စစ်သင်္ဘောတွေ အသိမ်းခံရပြီးနောက် နိုင်ငံရဲ နေရာတချို့မှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပြီး ရုရှားရဲ့ ကျူးကျော်မှု ထပ်လုပ်မှာကို စိုးရိမ်နေပါတယ်။ အမေရိကန် အပါအဝင် အနောက်အုပ်စုတွေကလည်း ဖမ်းဆီးထားတဲ့ စစ်သင်္ဘောတွေ ပြန်ပေးဖို့ ရုရှားကို တောင်းဆိုထားပါတယ်။
0 comments:
Post a Comment