YBS ယာဉ်လိုင်းအတွင်းရှိ ဘတ်စ်ကားအားလုံးကို အများပိုင်ဖွဲ့စည်းရန် ကြိုတင်အသိပေးထားပြီး လိုက်နာပြောင်းလဲခြင်းမရှိသည့် ယာဉ်အားလုံးကို ဒီဇင်ဘာလအတွင်း ယာဉ်လိုင်းများမှ အပြီးထုတ်ပယ်သွားရန်စီစဉ်နေသည်ဟု YRTAမှသိရသည်။
"ဒါက အရင်ထဲကကြိုတင်အသိပေးထားပြီးသား ကိုယ်ရကိုယ်ယူစနစ်ကို မကြိုက်လို့အများပိုင်ဖွဲ့စည်းရမယ်ဆိုတာကို၊ကိုယ်ရကိုယ်ယူစနစ်က ပြိုင်မောင်းလုမောင်းစည်းကမ်းမဲ့မောင်းတာတွေပျောက်သွားအောင် အများပိုင်အဖြစ်ပြောင်းခိုင်းတာပါ။လာမယ့်နှစ်အစမှာ ကအားလုံးအများပိုင်ဖြစ်ဖို့စီစဉ်နေပါတယ်။မလိုက်နာရင်ယာဉ်လိုင်တွေကနေထုတ်ပစ်ပါမယ်"ဟု YRTAမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ရန်ကုန်မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ်ကို ပြောင်းလဲရာတွင်စည်းကမ်းရှိပြီးအများပြည်သူအတွက်အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်စီစဉ်နေခြင်းဖြစ်သည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ကဆိုသည်။
အများပိုင်အဖြစ်မပြောင်းလဲဘဲ ကိုယ်ရကိုယ်ယူစနစ်ဖြင့်ပြေးစွဲနေသည့် ပုဂ္ဂလိက တစ်ဦးပိုင်ယာဉ်များကိုယာဉ်လိုင်းမှထုတ်ပယ်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝယ်ယူထားသည့်ဘတ်စ်ကားများဖြင့်အစားထိုးရန်လည်းဆောင်ရွက်နေသည်။
YBS ယာဉ်များတွင် အများပိုင်အဖြစ်မပြောင်းလဲရသေးသည့် ပုဂ္ဂလိကတစ်ဦးပိုင်ယာဉ်အစီးရေ (၁၂၀၀)ခန့်ရှိနေသည်ဟုလည်းသိရသည်။
0 comments:
Post a Comment