Thursday, November 29, 2018

ရိုဟင်​ဂျာအသုံးအနှုန်း၊ အချက်​အလက်​စု​ဆောင်းမှု​ကြောင့်​ ဒုက္ခသည်​များ၏​ဒေါသကို ဘင်္ဂလား​ဒေ့ရှ်​အာဏာပိုင်​များရင်​ဆိုင်​ရ



ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံ​အ​ရှေ့​တောင်​ပိုင်းက ဒုက္ခသည်​စခန်း​တွေမှာ ခိုလှုံ​နေကြပြီး မြန်​မာနိုင်​ငံဘက်​ကထွက်​​ပြေးလာတဲ့ဘင်္ဂါလီ(မူရင်းတွင်​ရိုဟင်​ဂျာဟု​ဖော်​ပြထား)ဒုက္ခသည်​​တွေဟာ နိုဝင်​ဘာလ(၂၆)ရက်​က ဆန္ဒပြခဲ့ကြပါတယ်​။
ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံအ​နေနဲ့ သူတို့ကို ရိုဟင်​ဂျာမျိုးနွယ်​စုဆိုပြီးအသိအမှတ်​ပြုဖို့နဲ့ သူတို့မိသားစု​တွေရဲ့အချက်​အလက်​​တွေကို မြန်​မာနိုင်​ငံနဲ့မ​ဝေမျှဖို့ အာဏာပိုင်​​တွေနဲ့အ​ထောက်​အပံ့​အေဂျင်​စီ​တွေကို ​တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။


အစိုးရမဟုတ်​တဲ့အဖွဲ့​တွေနဲ့ ကုလသမဂ္ဂဒုက္ခသည်​ဆိုင်​ရာမဟာမင်းကြီးရုံး(UNHCR)တို့အတွက်​အလုပ်​လုပ်​ကြတဲ့ ဘင်္ဂါလီ(မူရင်းတွင်​ရိုဟင်​ဂျာဟု​ဖော်​ပြထား)​တွေပါ ဆန္ဒပြရာမှာပါဝင်​ခဲ့တာပါ။
ကျွန်ုပ်​တို့ဘယ်​သူဘယ်​ဝါဆိုတဲ့အ​ထောက်​အထား​ကြောင့်​ ပြင်းထန်​ရက်​စက်​မှု​တွေ​တွေ့ကြုံခဲ့ရတဲ့အတွက်​ ရိုဟင်​ဂျာဆိုတဲ့အသုံးအနှုန်းက​ အလွန်​အ​ရေးကြီးပါတယ်​လို့ ဆန္ဒပြသူ​တွေရဲ့ထုတ်​ပြန်​ချက်​မှာပါဝင်​ပြီး မြန်​မာနိုင်​ငံဘက်​မှာ ရိုဟင်​ဂျာလို့သုံးနှုန်းခွင့်​ပိတ်​ပင်​ထား​ပေမဲ့ ဘင်္ဂလား​ဒေ့ရှ်​ဘက်​မှာ​တော့ မပိတ်​ပင်​သင့်​ဘူးလို့လည်း ​ပြောပါတယ်​။
ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်​၊ သြဂုတ်​လမှာ ရခိုင်​ပြည်​နယ်​က ရဲစခန်း​တွေကို ဘင်္ဂါလီ​စစ်​သွေးကြွ​​တွေက ဝင်​​တိုက်​ခိုက်​ခဲ့ပြီး​နောက်​ မြန်​မာစစ်​တပ်​ရဲ့နယ်​​မြေရှင်းလင်းမှု​တွေ​ကြောင့်​ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံဘက်​ကို ဘင်္ဂါလီ(၇)သိန်း​ကျော်​ထွက်​​ပြေးခဲ့ကြတယ်​လို့ ကုလသမဂ္ဂဘက်​က သတင်းထုတ်​ပြန်​ထားပါတယ်​။
(၁၉၈၂)ခုနှစ်​နိုင်​ငံသားဖြစ်​ခွင့်​ဥပ​ဒေအရ ရိုဟင်​ဂျာ​တွေကိုနိုင်​ငံသားဖြစ်​ခွင့်​ပိတ်​ပင်​ထားတဲ့အတွက်​ဘင်္ဂါလီ​(မူရင်းတွင်​ရိုဟင်​ဂျာဟု​ဖော်​ပြထား)​တွေဟာ နိုင်​ငံမဲ့​တွေဖြစ်​ပါတယ်​။
မြန်​မာအစိုးရဘက်​ကလည်း ရိုဟင်​ဂျာဆိုတဲ့အသုံးအနှုန်းသုံးဖို့ကိုပါငြင်းဆိုထားပြီး ဘင်္ဂါလီ​တွေလို့ပဲသုံးနှုန်း​လေ့ရှိပါတယ်​။
ဒီဖြစ်​ရပ်​နဲ့ဆက်​စပ်​ပြီး ဘင်္ဂလား​ဒေ့ရှ်​အာဏာပိုင်​​တွေက​ တစုံတရာမှတ်​ချက်​မပြုထားပါဘူး။
အချက်​အလက်​​တွေ​ကောက်​ယူ​နေတာဟာ စိစစ်​တဲ့လုပ်​ငန်းစဉ်​​တွေအတွက်​ဖြစ်​ပြီး ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံဘက်​မှာ အကာအကွယ်​ရဖို့နဲ့ UNHCRရဲ့ဝန်​​ဆောင်​မှု​တွေကိုရဖို့ဖြစ်​တယ်​လို့ ဘင်္ဂလား​ဒေ့ရှ်​UNHCRကိုယ်​စားလှယ်​ ဖီရက်​စ်​ အယ်​ခါတိဘ်​က​ပြောပါတယ်​။
အဲဒီအချက်​အလက်​​တွေဟာ ​နေရပ်​ပြန်​ပို့​ရေးနဲ့လည်း မဆက်​စပ်​​နေဘဲ ဘင်္ဂလား​ဒေ့ရှ်​အစိုးရနဲ့UNHCRတို့ကပဲ ထိန်းသိမ်းထားတယ်​လို့ခါတိဘ်​ကဆက်​​ပြောပါတယ်​။

The Fifth Wave News

0 comments:

Post a Comment