Wednesday, April 24, 2019

အမေရိကန်စိုးရိမ်နေတဲ့ တရုတ်ရဲ့ 5G ကွန်ယက်ကို ဗြိတိန်က စီစစ်ပြီး လုပ်ကိုင်ခွင့်ပေးဖို့ရှိနေ


ဗြိတိန်နိုင်ငံအနေနဲ့ တရုတ်ပိုင်ဟွာဝေးကုမ္ပဏီရဲ့ နည်းပညာတွေကို စီစစ်ပြီးနိုင်ငံအတွင်း (၅ဂျီ)အင်တာနက်ကွန်ယက်ကို လုပ်ကိုင်ခွင့်ပေးသွားတော့မယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဝန်ကြီးချုပ်ထရီဇာမေကလည်း (၅ ဂျီ)ကွန်ယက်အတွက် လိုအပ်မယ့်ဆောက်လုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းတစ်ချို့ကိုခွင့်ပြုပေးလိုက်ပြီလို့ သိရပါတယ်။
သို့ပေမယ့် တစ်ချို့ဝန်ကြီးတွေကြားထဲမှာတော့ အဆိုပါခွင့်ပြုချက်အတွက် စိုးရိမ်မှုတွေမြင့်တက်နေသေးတယ်လို့ သိရပါတယ်။
ဟွာဝေးကုမ္ပဏီကလည်း ယခုလိုခွင့်ပြုချက်ရရှိတဲ့အတွက် ဂုဏ်ယူမိကြောင်းပြောထားပါတယ်။
တရုတ်ရဲ့ 5G ကွန်ယက်ကို အမေရိကန်က စိုးရိမ်ကြောင်းပြောထားတဲ့ အပြင် တရုတ်ကုမ္ပဏီ ဟွာဝေးကို တရုတ်အစိုးရက ထောက်ပံနေတယ်လို့ စွပ်စွဲထားတာရှိပါတယ်။
အစိုးရအရာရှိတွေ အနေနဲ့ တရုတ်ထုတ် ဟွာဝေးကို အသုံးမပြုကြဖို့ အမေရိကန်အစိုးရက တားမြစ်ထားတဲ့ အပြင် ဥရောပ နိုင်ငံအချို့ကလည်း ဟွာဝေးအသုံးပြုမှုကို ရပ်ဆိုင်းပစ်ခဲ့ကြတာတွေ လုပ်ခဲ့ကြပါတယ်။
ဟွာဝေးရဲ့ အကြီးအကဲ အချို့လည်း တရုတ်ပြည် ရဲ့ ပြင်ပမှာ အဖမ်းခံထားရပြီး အမှုရင်ဆိုင်နေရဆဲ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

Ref ; Britain will allow China's Huawei Technologies limited access to the next generation of mobile network,
Isee Media

0 comments:

Post a Comment