ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးအထောက်အကူပြု ကော်မတီသည် စစ်တွေသို့ ကွင်း ဆင်းလေ့လာမှုမှ တွေ့ရှိချက်နှင့် အကြံပြုချက်များကို နိုင်ငံတော် သမ္မတထံ အစီရင်ခံစာ တင်သွင်း ထားကြောင်း ယင်းကော်မတီ အဖွဲ့ဝင် ဦးမောင်မောင်အုန်းက ပြောသည်။
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ခေါင်းဆောင်သည့် အထက်ပါ ကော်မတီအဖွဲ့ဝင်များသည် စစ် တွေမြို့သို့ ဧပြီ ၉ ရက်ကစတင်၍ သုံးရက်ကြာ ကွင်းဆင်းလေ့လာခဲ့ ရာ ဒေသခံပြည်သူများ၏ ပကတိ အခြေအနေများကို အစီရင်ခံစာ တွင် ထည့်သွင်းရေးသားခဲ့ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း လက်ရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းက ရှင်းပြသည်။
‘‘အလွှာအသီးသီးရဲ့ ပြည် သူတွေရဲ့ ခံစားချက်တွေ၊ ထင် မြင်ယူဆချက်တွေ မခြွင်းမချန်သုံးသပ်ရေးသားပြီးတော့ အစိုးရ၊ နိုင်ငံတော် အကြီးအကဲတွေသိဖို့ အဲဒီတော့ ရှိပါတယ်။ ဘာပဲပြော ပြော လက်ရှိခံစားနေရတာတွေ တော့ နိုင်ငံတော်အစိုးရက လူကြီး တွေ သိလောက်ပြီ ထင်ပါတယ်။ ဘာဆက်လုပ်မယ်ဆိုတာတော့ ကိုယ်တို့လည်း စောင့်ကြည့်ရမှာ ပေါ့’’ဟု ၎င်းက ဆိုသည်။
နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်သည် အဖွဲ့ဝင် ၁၄ ဦး ပါဝင် သည့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး အထောက်အကူပြု ကော်မတီကို မတ်လ ၁၄ ရက် တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကော်မတီက သင်္ကြန်မတိုင်မီ ပထမဆုံး ကွင်းဆင်းလေ့လာခဲ့သည်။
အထက်ပါ ခရီးစဉ်တွင် ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ အဖွဲ့ဝင်များဖြစ်သည့် ဒုဝန်ကြီး ဦးတင်မြင့်၊ နယ်လုံဝန် ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းတို့ လိုက်ပါခဲ့ သည်။
သို့သော် ယင်းကော်မတီ စတင်ဖွဲ့စည်းချိန်က အဖွဲ့ဝင်အ ဖြစ် ပါဝင်မည့်သူအချို့ကို ကြို တင်အကြောင်းကြား ဆွေးနွေး ခြင်း မရှိသဖြင့် ကော်မတီနှင့် ပူးပေါင်းမည်မဟုတ်ဟု ပြောကြားမှုများရှိခဲ့ပြီး အထက်ပါကော်မတီ ခရီးစဉ်တွင်လည်း ကော်မတီအဖွဲ့ ဝင်အားလုံး လိုက်ပါနိုင်ခြင်းမရှိ ပေ။
‘‘တချို့က တခြား လုပ် ဆောင်စရာရှိတာတွေနဲ့ တိုက်နေ လို့ ခွင့်ယူထားတယ်လို့ သိရ တယ်’’ဟု ဦးမောင်မောင်အုန်းက ပြောသည်။
ကော်မတီသည် စစ်တွေမြို့ ရှိ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ နှင့် တွေ့ဆုံခဲ့ပြီး ပြည်နယ်တည် ငြိမ်အေးချမ်းရေး ဆွေးနွေးခဲ့သည် ဟု အမျိုးသားလွှတ်တော်က သတင်းထုတ်ပြန်သည်။
ယင်းနောက် ကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင်သည် ကျောက်တော်နှင့် မြောက်ဦးမြို့ နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည် သူများအတွက် ကျပ်သိန်း ၁,၀၀၀ ကို လူမှုကူညီရေးအဖွဲ့များမှတစ် ဆင့် ပေးအပ်မည်ဖြစ်ပြီး ရသေ့ တောင်၊ မင်းပြားနှင့် ကျန်မြို့နယ်များအတွက်လည်း ကူညီပံ့ပိုးမည် ဟု ပြောကြားကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြသည်။
ထို့အပြင် ရုံးတစ်ရုံးကို ရခိုင် ပြည်နယ်၌ ဖွင့်လှစ်မည်ဖြစ်ပြီး လုပ်ငန်းကော်မတီတစ်ရပ် ထပ်မံ ဖွဲ့စည်းရန် ကော်မတီက စီစဉ် ထားသည်။
7Day







0 comments:
Post a Comment