
စက္တင္ဘာ ၁၈ ရက္ မြန္းလြဲ ၂ နာရီခန္႔တြင္ မိုင္းမ်ားေတြ႕ရွိေၾကာင္းသြားေရာက္ ေဒသခံမ်ား၏ သတင္းေပးခ်က္အရ လံုၿခံဳေရးေဆာင္ရြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ သပိတ္ေတာင္ေက်းရြာအနီး စစ္ေဆးရာ ေက်းရြာစာသင္ေက်ာင္း၏ အေရွ႕ဘက္ ေပ ၁၇ဝ ခန္႔အကြာ ဘူးသီးေတာင္-အငူေမာ္သြားကားလမ္း၏ ဘယ္ဘက္၌ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ေထာင္ထားသည့္ စတီးေရခြက္၊ အင္ဂ်င္ဝိုင္ဘူးခံြတို႔ျဖင့္ ျပဳလုပ္ထားေသာ ေဒသႏၲရလက္လုပ္ေရွာ့ခ္တိုက္မိုင္း ႏွစ္လံုးအားေတြ႕ရွိခဲ့ေၾကာင္း တပ္မေတာ္မွ ထုတ္ျပန္ထားပါသည္။
အဆိုပါ ေရွာ့ခ္တိုက္မိုင္းအား ေဒသခံျပည္သူမ်ား အႏၲရာယ္မျဖစ္ေစေရး မိုင္းရွင္းလင္းေရးအဖြဲ႕ျဖင့္ သက္မဲ့ျပဳလုပ္သိမ္းဆည္းခဲ့ေၾကာင္း သိရွိရပါသည္။
<<unicode>>
ဘူးသီးတောင်မြို့နယ် သပိတ်တောင်ရွာ စာသင်ကျောင်းအနီးမှာ AA သောင်းကျန်းသူများ ထောင်ထားသည့် ရှော့ခ်တိုက်မိုင်း နှစ်လုံးတွေ့ရှိ
Friday, September 20, 2019
စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းများတွေ့ရှိကြောင်းသွားရောက် ဒေသခံများ၏ သတင်းပေးချက်အရ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သပိတ်တောင်ကျေးရွာအနီး စစ်ဆေးရာ ကျေးရွာစာသင်ကျောင်း၏ အရှေ့ဘက် ပေ ၁၇ဝ ခန့်အကွာ ဘူးသီးတောင်-အငူမော်သွားကားလမ်း၏ ဘယ်ဘက်၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် စတီးရေခွက်၊ အင်ဂျင်ဝိုင်ဘူးခွံတို့ဖြင့် ပြုလုပ်ထားသော ဒေသန္တရလက်လုပ်ရှော့ခ်တိုက်မိုင်း နှစ်လုံးအားတွေ့ရှိခဲ့ကြောင်း တပ်မတော်မှ ထုတ်ပြန်ထားပါသည်။
အဆိုပါ ရှော့ခ်တိုက်မိုင်းအား ဒေသခံပြည်သူများ အန္တရာယ်မဖြစ်စေရေး မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရှိရပါသည်။






0 comments:
Post a Comment