Friday, September 20, 2019

သရက္ေခ်ာင္း တံတားေပၚရိွ လူသြားစၾကၤန္လမ္းေပၚတြင္ အမည္မသိလူတစ္ဦးေသဆုံးေန

Image may contain: outdoor

မိုးညႇင္းၿမိဳ႕နယ္၊ ဟိုပင္ၿမိဳ႕မွ ျမစ္ႀကီးနားသြား ျပည္ေထာင္စုလမ္းမေပၚရိွ ဟိုပင္သရက္ေခ်ာင္းတံတား ညာဘက္ျခမ္း လူသြားလမ္း အလယ္တြင္ ယေန႔ စက္တင္ဘာ ၂၀ ရက္ေန႕၊ နံနက္အေစာပိုင္းက အမ်ိဳးသားတစ္ဦး မူးယစ္ေဆးထိုးသြင္း အပ္တန္းလန္းနွင့္ ေသဆုံးလ်ွက္ေတြ႕ရိွရေၾကာင္း နယ္ေျမရဲစခန္းမွ သိရသည္။

ေသဆုံးေနသူသည္ အသက္(၃၀)ခန္႔၊ ဆံပင္နက္ရွည္၊ နဖူးက်ဥ္း၊ မ်က္ခုံးပါး၊ နွာတံတို၊ နားေသး၊ အသားညိဳ၊ ညာဘက္နားတြင္ နားကပ္တပ္ဆင္ေၾကာင္း၊ နဖူးတြင္ အမာအနာ႐ြတ္ရိွ၊ ယာဘက္လက္ေမာင္းတြင္ အေဆာင္လက္ပတ္နွင့္ ဝဲဘက္လက္ေမာင္းမွာ အနက္ေရာင္သေရကြင္း ပတ္ထားေၾကာင္း၊ ဝဲဘက္လက္ဖ် ံတြင္ ေဆးထိုးအပ္တန္းလန္းနွင့္ နွာေခါင္းမွအျဖဴ ေရာင္အျမႇပ္မ်ားနွင့္ ေသြးမ်ားထြက္ကာ ေသဆုံးလွ်က္ အမည္၊ ေနရပ္၊ ပိုင္ရွင္ မသိရေသးေၾကာင္း ရာအိမ္မွဴး ဦးျမင့္စိုးက ေျပာျပသည္။
“ဘယ္ရပ္႐ြာကမွန္း စုံစမ္း၍ မသိရေသးပါ ေသဆုးံေနသူကိုေတာ့ ဟိုပင္နယ္ေျမ ရဲစခန္းမွဴးနဲ႔ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ဟိုပင္ၿမိဳ႕ေစတနာမြန္ နိဗၺာန္ယာဥ္အသင္းအဖြဲ႕တို႔မွ ဟိုပင္ျပည္သူ႔ေဆးရုံသို႕ ပို႔ေဆာင္လိုက္ၾကတယ္” ဟု ရာအိမ္မွဴး ဦးျမင့္စိုးထံက ေျပာသည္။
ေသဆုံးသူ အမ်ိဳးသားအေလာင္းကို ဟိုပင္ျပည္သူ႔ေဆးရုံသို႔ ရဲေဆးစာျဖင့္ ပို႔ထားၿပီး ဓမၼတာအတိုင္း ေသဆုံးျခင္းဟုတ္/မဟုတ္ သိရိွနိူင္ရန္အတြက္ ဟိုပင္နယ္ေျမရဲစခန္းမွ ေသမႈေသခင္း အမွတ္စဥ္(၈/၂၀၁၉)ျဖင့္ အမႈေရး ဖြင့္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။
Image may contain: 1 person, standing and outdoor
Image may contain: one or more people, people sitting and outdoor
<Unicode>
သရက်ချောင်း တံတားပေါ်ရှိ လူသွားစင်္ကြန်လမ်းပေါ်တွင် အမည်မသိလူတစ်ဦးသေဆုံးနေ
Friday, September 20, 2019

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှ မြစ်ကြီးနားသွား ပြည်ထောင်စုလမ်းမပေါ်ရှိ ဟိုပင်သရက်ချောင်းတံတား ညာဘက်ခြမ်း လူသွားလမ်း အလယ်တွင် ယနေ့ စက်တင်ဘာ ၂၀ ရက်နေ့၊ နံနက်အစောပိုင်းက အမျိုးသားတစ်ဦး မူးယစ်ဆေးထိုးသွင်း အပ်တန်းလန်းနှင့် သေဆုံးလျှက်တွေ့ရှိရကြောင်း နယ်မြေရဲစခန်းမှ သိရသည်။
သေဆုံးနေသူသည် အသက်(၃၀)ခန့်၊ ဆံပင်နက်ရှည်၊ နဖူးကျဉ်း၊ မျက်ခုံးပါး၊ နှာတံတို၊ နားသေး၊ အသားညို၊ ညာဘက်နားတွင် နားကပ်တပ်ဆင်ကြောင်း၊ နဖူးတွင် အမာအနာရွတ်ရှိ၊ ယာဘက်လက်မောင်းတွင် အဆောင်လက်ပတ်နှင့် ဝဲဘက်လက်မောင်းမှာ အနက်ရောင်သရေကွင်း ပတ်ထားကြောင်း၊ ဝဲဘက်လက်ဖျ ံတွင် ဆေးထိုးအပ်တန်းလန်းနှင့် နှာခေါင်းမှအဖြူ ရောင်အမြှပ်များနှင့် သွေးများထွက်ကာ သေဆုံးလျှက် အမည်၊ နေရပ်၊ ပိုင်ရှင် မသိရသေးကြောင်း ရာအိမ်မှူး ဦးမြင့်စိုးက ပြောပြသည်။
“ဘယ်ရပ်ရွာကမှန်း စုံစမ်း၍ မသိရသေးပါ သေဆုးံနေသူကိုတော့ ဟိုပင်နယ်မြေ ရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်များ၊ ဟိုပင်မြို့စေတနာမွန် နိဗ္ဗာန်ယာဉ်အသင်းအဖွဲ့တို့မှ ဟိုပင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြတယ်” ဟု ရာအိမ်မှူး ဦးမြင့်စိုးထံက ပြောသည်။
သေဆုံးသူ အမျိုးသားအလောင်းကို ဟိုပင်ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိူင်ရန်အတွက် ဟိုပင်နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၈/၂၀၁၉)ဖြင့် အမှုရေး ဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

0 comments:

Post a Comment