Sunday, September 8, 2019

AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ရွာသား သုံးဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွား

AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ရွာသား သုံးဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အောင်ဒိုင်ကျေးရွာနေ ဟူစင်ချော်ရိ၊ ဆွေဒူလာမိန်နှင့် မာမောက်ရော်ဖီး တို့သုံးဦးသည် စက်တင်ဘာ ၇ ရက် နံနက် ၈ နာရီခန့်တွင် ရွှေတမာကျေးရွာနှင့် အောင်ဒိုင်ကျေးရွာအကြားရှိ လယ်ကွင်းအတွင်း နွားကျောင်းနေစဉ် AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်း တစ်လုံးအား ဟူစင်ချော်ရိမှ နင်းမိပေါက်ကွဲသဖြင့် ၎င်းတို့ သုံးဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။
အဆိုပါ မိုင်းထိလူနာများအား မြောင်းဘွေတိုက်နယ်ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူ လျက်ရှိကြောင်းလည်း သိရသည်။

#တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment