Sunday, September 8, 2019

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်တွင် ကားပေါင်း ၄၂၀၀ တင်ဆောင်လာသည့် ကုန်တင်သင်္ဘောကြီးတစ်စင်း တိမ်းမှောက်


မနေ့က စက်တင်ဘာလ (၈)ရက် ဒေသစံတော်ချိန် မနက်နှစ်နာရီက အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် simons Sound ပယ်လယ်ကမ်းအနီး ရေပြင်အနက် ၁၁မီတာမီတာမှာ The Golden Ray ရွှေရောင်အလင်းတန်း အမည် ကာဂိုကုန်တင်သင်္ဘောကြီးတစ်စင်း တိမ်းမှောက်သွားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ကုန်တင်သင်္ဘောကြီးသည် အရှည် ၆၅၆ ပေ အကျယ် ၁၀၆ ပေနဲ့ သင်္ဘောသား ၂၄ ဦး ပါရှိနေပြီး ကားပေါင်း ၄၂၀၀ တင်ဆောင်ထားတယ်လို့  သိရပါတယ်။
ယခုအချိန်ထိ သင်္ဘောသား ၂၀ ကို ကယ်ဆယ်နိုင်ခဲ့ပြီး လေးဦးပျောက်ဆုံးနေသေးကြောင့် ဂျော်ဂျီယာ ကမ်းခြေစောင့် ကယ်ဆယ်ရေးအဖွဲ့ 
တွေက ထုတ်ပြန်ခဲ့ပါတယ်။

ကုန်တင်သဘော်ကြီးကို ဆွဲသင်္ဘောနဲ့  ဆွဲလာတဲ့အချိန် ဟန်ချက်မညီဖြစ်ပြီး တိမ်းစောင်းမှောက်သွားခဲ့တာလို့ လည်း သိရပါတယ်။
Image may contain: sky, ocean, outdoor, water and nature
Image may contain: outdoor and water
Image may contain: outdoor and water
SAW

0 comments:

Post a Comment