Friday, September 20, 2019

ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႔ အပစ္အခတ္ ရပ္ဆိုင္းသည့္ေန႔တြင္ တပ္မေတာ္စခန္းကုန္း တစ္ခုကို AA မွ လာေရာက္တိုက္ခိုက္

No photo description available.

ေျမာက္ပိုင္းမဟာမိတ္ ၃ ဖြဲ႔ အပစ္အခတ္ ရပ္ဆိုင္းသည့္ စက္တင္ဘာလ ၂၀ ရက္ေန႔တြင္ ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ ဥယ်ာဥ္သာရြာ အေရွ႕ဘက္ရွိ တပ္မေတာ္မွ ေနရာယူထားသည့္ ေက်ာင္းေတာင္ စခန္းကုန္းကို AA အဖြဲ႔က သြားေရာက္ တိုက္ခိုက္ခဲ့သျဖင့္ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း နိရဥၥရာသတင္းဌာနမွ ေဖာ္ျပထားပါသည္။

ေျမာက္ပိုင္း မဟာမိတ္ ၃ ဖြဲ႔ျဖစ္ၾကသည့္ MNDAA ၊ TNLA နဲ႔ AA အဖြဲ႔တို႔က ျပည္တြင္း စစ္ပြဲရပ္တန္႔ၿပီး အပစ္အခတ္ရပ္ဆိုင္းေရးစာခ်ဳပ္ သေဘာတူ လက္မွတ္ေရးထိုးႏိုင္မည့္ ေတြ႕ဆံုေဆြးေႏြးၫွိႏႈိင္းေရး လုပ္ငန္းမ်ားကို လက္ေတြ႕က်က်၊ ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏိုင္ရန္ႏွင့္ လက္ရွိျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားကို ေလ်ာ့ခ်ႏိုင္ရန္အတြက္ ရည္ရြယ္ၿပီး တစ္ဖက္သတ္အပစ္အခတ္ ရပ္ဆိုင္းျခင္းကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔အထိ တိုးႁမွင့္သတ္မွတ္လိုက္ေၾကာင္းကို စက္တင္ဘာလ ၂၀ ရက္ေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါသည္။
<<Unicode>>
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ အပစ်အခတ် ရပ်ဆိုင်းသည့်နေ့တွင် တပ်မတော်စခန်းကုန်း တစ်ခုကို AA မှ လာရောက်တိုက်ခိုက်
Friday, September 20, 2019

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ အပစ်အခတ် ရပ်ဆိုင်းသည့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာရွာ အရှေ့ဘက်ရှိ တပ်မတော်မှ နေရာယူထားသည့် ကျောင်းတောင် စခန်းကုန်းကို AA အဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နိရဉ္စရာသတင်းဌာနမှ ဖော်ပြထားပါသည်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ဖြစ်ကြသည့် MNDAA ၊ TNLA နဲ့ AA အဖွဲ့တို့က ပြည်တွင်း စစ်ပွဲရပ်တန့်ပြီး အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် သဘောတူ လက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းများကို လက်တွေ့ကျကျ၊ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကို လျော့ချနိုင်ရန်အတွက် ရည်ရွယ်ပြီး တစ်ဖက်သတ်အပစ်အခတ် ရပ်ဆိုင်းခြင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်းကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

0 comments:

Post a Comment