Friday, September 20, 2019


Image may contain: 3 people, people smiling, people sitting


Image may contain: 2 people, people eating and child
Image may contain: 1 person, smiling, standing
Image may contain: 2 people, people smiling, people sitting

<< Unicode >>
ခင်ပွန်းဖြစ်သူကို ကားတစ်စီးပေးပြီး တရားဝင်ကွာရှင်းခဲ့တဲ့ မျိုးစန္ဒီကျော်
Friday, September 20, 2019

တစ်ခေတ်တစ်ခါက နာမည်ကြီးကျော်ကြားခဲ့ပြီး ကာလအတော်ကြာအောင် ပရိသတ်ရှေ့ကပျောက်နေခဲ့တဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်ဟာ ပွဲတက်တာတွေနဲ့ အနုပညာအလုပ်တွေကို ခပ်စိပ်စိပ်ပြန်လည် လုပ်ကိုင်လာတာပဲဖြစ်ပါတယ်။
သရုပ်ဆောင်မျိုးစန္ဒီကျော်ဟာ သူမခင်ပွန်းနဲ့ ကွာရှင်းခဲ့တဲ့အကြောင်းကို စက်တင်ဘာ ၁၉ ရက်နေ့က ခင်ပွန်းဟောင်း ဖြိ ုးကျော်ကျော်မြတ်နဲ့ တရားဝင်ကွာရှင်းအပြီးမှာပြောခဲ့တာပဲဖြစ်ပါတယ်။

“သူကတစ်ချိန်လုံး အဖေ အဖေ ဆိုပြီးတော့ ပြောနေတဲ့အတွက် ဖခင်တစ်ယောက်ရဲ့ တာဝန်သိအောင်လို့ ကလေးစရိတ်ရော ဘယ်လိုလုပ်မှာလဲ? ကလေးကိုရော ဘယ်လိုတာဝန်ယူမလဲ? ဆိုတာမေးတော့ မပြောခဲ့တဲ့အပြင် သူကကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးဖို့ ၊ လက်မှတ်ရဖို့ကို ကျွန်မ အလုပ်လုပ်ပြီးဝယ်တဲ့ကားလေးရှိတယ် ။ အဲ့ကားလေး သူ့ ပေးလိုက်ရတယ် ။ နောက်ပြီးတော့ ကလေးတွေ့ခွင့် ၊ သူပြောတဲ့အတိုင်းပေါ့။ သူလိုချင်တာတွေ အကုန်ပေးလိုက်ရတယ် ” ဟု ကာယကံရှင် မျိုးစန္ဒီကျော်က ပြောခဲ့ပါတယ်။
ပရိသတ်တွေကတော့ သူမအတွက်စိတ်မကောင်းဖြစ်နေကြပြီး သူမရဲ့အနုပညာကို ဆက်လက်အားပေးနေကြအုံးမှာပဲဖြစ်ပါတယ်။

#Myanmar_Online_News #Myo_Sandi_Kyaw

0 comments:

Post a Comment