
မီတာခ အဆမတန္တိုးျမႇင့္ေကာက္ခံေနမႈ ေလွ်ာ့ခ်ေပးေရးအတြက္ ပဲခူးတိုင္းေဒသႀကီး (အေနာက္ပိုင္း) ျပည္ၿမိဳ႕တြင္ ဆႏၵထုတ္ေဖာ္မႈကို စက္တင္ဘာ ၁၈ ရက္ ည ၇ နာရီက ျပည္ၿမိဳ႕နယ္ လွ်ပ္စစ္အင္ဂ်င္နီယာ႐ုံးမွ စတင္ကာ ေဟာေျပာျခင္း ခ်ီတက္လမ္းေလွ်ာက္ျခင္းႏွင့္ ေယာင္းတိုင္မီးထြန္းကာ ေႂကြးေၾကာ္ ေတာင္းဆိုျခင္းတို႔ ျပဳလုပ္ခဲ့ၾကေၾကာင္း သိရွိရပါသည္။
" ကြၽန္ေတာ္တို႔ ျပည္သူေတြ နာၿပီးရင္းနာတယ္။ အရမ္းနစ္နာေနတယ္။ အဲဒါေၾကာင့္ လမ္းေပၚတက္လာရျခင္းျဖစ္တယ္။ ျမစ္ဆုံဆည္ႀကီးကိုကန႔္ ကြက္ေနလို႔ ျပန္လုပ္ခ်င္လို႔ ကြၽန္ေတာ္တို႔မီတာခေတြ တိုးျမႇင့္ေကာက္ခံေနတာလား။ကြၽန္ေတာ္တို႔ဆီမွာ ေလးေထာင့္ရွစ္ရာ ေလာက္ရဖို႔ကို အလုပ္ သမားေတြ အထည္ခ်ဳပ္စက္႐ုံက မိန္းကေလးေတြ ဆႏၵျပေနတုန္းပဲ။ လုပ္အားခနဲ႔အခြန္အတုပ္မမွ်ဘူး။ ဒါေၾကာင့္ လမ္းေပၚတက္ ဆႏၵျပတာ ” ဟု ဆႏၵျပပြဲဦး ေဆာင္သူ ဦးေက်ာ္ေဆြက ေျပာၾကားသည္။
ဆႏၵထုတ္ေဖာ္ရာတြင္ အစိုးရလို႔အမည္ခံၿပီး ဌာနဆိုင္ရာေတြက လုပ္ခ်င္တိုင္းလုပ္ေနတာ အခြန္ေတြကို တိုးေကာက္ေနတာ ရပ္တန႔္ေပးပါ စသည့္ ဗီႏိုင္းပိုစတာမ်ား မီတာခက်သင့္ေငြ ေတာင္းခံလႊာျဖတ္ ပိုင္းပုံမ်ားကို ကိုင္ေဆာင္ကာ ေႂကြးေၾကာ္ ခဲ့ေၾကာင္း သိရသည္။
ျပည္သူေတြက်ေတာ့ မီတာခတိုး ေတာင္းၿပီး ဒီအစိုးရက ထိုင္းတို႔ တ႐ုတ္တို႔ကိုေရာင္းတဲ့ အခ်ိန္မွာေကာ ပထမေရာင္းတဲ့ ေစ်းထက္ တိုးေရာင္းလား ကြၽန္ေတာ္တို႔သိခ်င္တယ္” ဟု ဆႏၵထုတ္ေဖာ္ရာတြင္ ပါဝင္သူကိုမ်ိဳးသူထြဋ္က ေျပာၾကားခဲ့ေၾကာင္း သိရွိရပါသည္။


<<unicode>>
ပြည်မြို့တွင် မီတာခ တိုးမြှင့်ကောက်ခံနေမှုများကြောင့် ပြည်သူများ ဆန္ဒထုတ်ဖော်
Friday, September 20, 2019
မီတာခ အဆမတန်တိုးမြှင့်ကောက်ခံနေမှု လျှော့ချပေးရေးအတွက် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာ ၁၈ ရက် ည ၇ နာရီက ပြည်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ စတင်ကာ ဟောပြောခြင်း ချီတက်လမ်းလျှောက်ခြင်းနှင့် ယောင်းတိုင်မီးထွန်းကာ ကြွေးကြော် တောင်းဆိုခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
" ကျွန်တော်တို့ ပြည်သူတွေ နာပြီးရင်းနာတယ်။ အရမ်းနစ်နာနေတယ်။ အဲဒါကြောင့် လမ်းပေါ်တက်လာရခြင်းဖြစ်တယ်။ မြစ်ဆုံဆည်ကြီးကိုကန့် ကွက်နေလို့ ပြန်လုပ်ချင်လို့ ကျွန်တော်တို့မီတာခတွေ တိုးမြှင့်ကောက်ခံနေတာလား။ကျွန်တော်တို့ဆီမှာ လေးထောင့်ရှစ်ရာ လောက်ရဖို့ကို အလုပ် သမားတွေ အထည်ချုပ်စက်ရုံက မိန်းကလေးတွေ ဆန္ဒပြနေတုန်းပဲ။ လုပ်အားခနဲ့အခွန်အတုပ်မမျှဘူး။ ဒါကြောင့် လမ်းပေါ်တက် ဆန္ဒပြတာ ” ဟု ဆန္ဒပြပွဲဦး ဆောင်သူ ဦးကျော်ဆွေက ပြောကြားသည်။
ဆန္ဒထုတ်ဖော်ရာတွင် အစိုးရလို့အမည်ခံပြီး ဌာနဆိုင်ရာတွေက လုပ်ချင်တိုင်းလုပ်နေတာ အခွန်တွေကို တိုးကောက်နေတာ ရပ်တန့်ပေးပါ စသည့် ဗီနိုင်းပိုစတာများ မီတာခကျသင့်ငွေ တောင်းခံလွှာဖြတ် ပိုင်းပုံများကို ကိုင်ဆောင်ကာ ကြွေးကြော် ခဲ့ကြောင်း သိရသည်။
ပြည်သူတွေကျတော့ မီတာခတိုး တောင်းပြီး ဒီအစိုးရက ထိုင်းတို့ တရုတ်တို့ကိုရောင်းတဲ့ အချိန်မှာကော ပထမရောင်းတဲ့ စျေးထက် တိုးရောင်းလား ကျွန်တော်တို့သိချင်တယ်” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူကိုမျိုးသူထွဋ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
#Myanmar_Online_News #ပြည် #မီတာခ






0 comments:
Post a Comment